စင်ကာပူနိုင်ငံ အခြေစိုက် GovInsider Magazine ကကျင်းပတဲ့ Rising Star Award ပေးအပ်ပွဲအခမ်းအနားမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးက ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဆုဟာ အာဆီယံဒေသတွင်းမှာ အစိုးရတွေရဲ့ ပြုပြင်ပြောင်းလဲ ဆန်းသစ် အစီရင်ခံစာရေးသားတဲ့ GovInsider Magazine က ဒီဆုကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ မန္တလေးမြို့တော်စည်ပင်ဟာ လူမှုနေထိုင်မှုဘဝ ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွတ်တဲ့ အဖွဲ ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခံရတာကြောင့် ဒီဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။
မန္တလေးမြို့တော်စည်ပင်ဟာ ပြီးခဲ့တဲ့ နှစ်က မန္တလေးမြို့တော်ကြီး သာယာစည်ပင်ဝပြောရေးအတွက် အဓိကထား ဆောင်ရွတ်ခဲ့ကြပါတယ်။ ထို့သို့ ပြုပြင်ပြောင်းလဲမှုဆောင်ရွက်မှုတွေပြုလုပ်တဲ့တွက်ကြောင့် အများပြည်သူ နှစ်ခြိုက်သဘောကျ အားပေးမှုတို့လည်း ရရှိခဲ့ပါတယ်။
မန္တလေးမြို့ဟာ ၂၀၁၈၊၂၀၁၉ ခုနှစ်မှာ အာဆီယံဒေသတွင်း စမတ်စီးတီး (၁၀) နိုင်ငံ ရွေးချယ်ခဲ့ရာ မှာ အဆင့် (၅) နေရာမှာ နှစ်နှစ်ဆက်တိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့တော်စည်ပင်က တာဝန်ယူဖွင့်လှစ်ထားတဲ့ လမ်း (၇၀)၊ (၂၆-၂၇) လမ်းအတွင်းက လမ်းဘေးသန့်စင်ခန်းမှာ ASEAN Public Toilet Award 2019-2021 ရရှိခဲ့ပါတယ်။
ဂျပန်အခြေစိုက် ASOCIO အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ်အတွက် Smart City ဆုကို မန္တလေးမြို့ရရှိခဲ့သလို ၂၀၁၉ ခုနှစ် ၁၀ ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုကိုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ရရှိခဲ့တယ်လို့ သိရပါတယ်။