1. Home
  2. Movie Stars - Celebrity

Sulli ဈာပနကို တက်ရောက်ဖို့ နိုင်ငံခြားကနေ အသီးသီးပြန်လာကြတဲ့ F(x) အဖွဲ့ဝင်များ

Movie Stars - Celebrity ต.ค. 17, 2562 view 1,834

နာမည်ကျော် kpop idol အဆိုတော် Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က နေအိမ်မှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ပါတယ်။ Sulli ဟာ ယခင်က F(x) အမည်ရတဲ့ Kpop idol group တစ်ခုမှာ ပါဝင်ခဲ့ပြီး ၂၀၁၅ မှာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။

 

 

Sulli အဖွဲ့ကနေထွက်သွားပြီးနောက် F(x) အဖွဲ့ဝင်တွေဟာ တစ်ယောက်တစ်နေရာစီ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိကြပါတယ်။ F(x) အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့ Victoria ကတော့ တရုတ်ပြည်ကို ပြန်သွားခဲ့ပြီး Amber ကတော့ အမေရိကမှာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

Luna နဲ့ Krystal တို့ကတော့ ကိုးရီးယားမှာပဲ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ Sulli သေဆုံးတဲ့ သတင်းကြားကြားချင်း Amber နဲ့ Victoria တို့ နိုင်ငံရပ်ခြားကနေ ကိုးရီးယားကို ချက်ချင်းဆိုသလို ရောက်လာခဲ့ကြပါတယ်။

Amber ဟာ အမြဲတမ်းလိုလို ပြုံးရွှင်နေတတ်တဲ့ သူတစ်ဦးဖြစ်ပေမယ့် Sulli ရဲ့ ဈာပနကိုတက်ရောက်ဖို့ လေယာဉ်ကနေ ဆင်းလာတဲ့ ဓာတ်ပုံတွေမှာတော့ ပြုံးပျော်မနေခဲ့ပါဘူး။

Victoria ကတော့ သူမမျက်နှာကို သတင်းထောက်တွေမမြင်ရ‌အောင် မျက်မှန်တပ်ပြီး mask အုပ်ထားခဲ့ပါတယ်။ နှစ်ယောက်လုံးဟာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို ပြသတဲ့အနေနဲ့ တစ်ကိုယ်လုံး အနက်ရောင်ကိုသာ ဆင်မြန်းလာတာကိုတွေ့ရပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ဟာ Sulli ရဲ့ ဈာပနအခမ်းအနားဖြစ်ပြီး ဒီဈာပနကို မိဘဆွေမျိုးအသိုင်းအဝိုင်းနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေသာ တက်ရောက်နိုင်ဖို့ SM Entertainment ကဆောင်ရွက်ပေးထားပါတယ်။ ဒါကလဲ Sulli မိဘတွေရဲ့ တောင်းဆိုချက်ကြောင့် ပြုလုပ်ပေးရတာဖြစ်ပြီး F(x) အဖွဲ့ဝင်တွေကတော့ ခင်မင်ရင်းနှီးသူတွေအနေနဲ့ ဒီပွဲကို လာရောက်ကြတာပဲဖြစ်ပါတယ်။

 

Ref:koreaboo

(ပိုပိုလေး)

 



Follow us on