1. Home
  2. Movie Stars - Celebrity

ဇာတ်လမ်းတွဲအသစ်မှာ တစ်ဖန်ပြန်လည်မြင်တွေ့ရတော့မယ့် Kim Soo Hyun

Movie Stars - Celebrity ต.ค. 17, 2562 view 1,714

‘My Love from another star’ ဇာတ်ကားနဲ့အတူ မြန်မာပရိတ်သတ်တွေ  ‘ဒိုမင်းဂျွန်’ လို့သိကြတဲ့ သရုပ်ဆောင် Kim Soo Hyun ဟာ ဆိုရင် ဇာတ်လမ်းတွဲအသစ်နဲ့အတူ မကြာခင် ပရိတ်သတ်ရှေ့ပြန်လည်ရောက်ရှိလာပါတော့မယ်။

မင်းသားဟာ ဒီနှစ်ပိုင်းတွေမှာ စစ်မှုထမ်းနေတာဖြစ်လို့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့မှာ အမှုထမ်းကာလ ပြီးဆုံးသွားခဲ့ပြီး ဇာတ်လမ်းတွဲရိုက်ကူးဖို့ အစီအစဉ်ကိုတော့ အခုမှစတင်ခဲ့ပါတယ်။

 

အောက်တိုဘာ ၁၇ ရက်နေ့မှာ Kim Soo Hyun အေဂျင်စီ Key East မှ ကြေညာချက်တစ်ခု ထုတ်ပြန်လာပါတယ်။

 

Kim Soo Hyun ဟာ “I’m a Psycho but it’s Okay” ဆိုတဲ့ ဒရာမာဇာတ်လမ်းတွဲမှာ Moon Kang Tae ဆိုတဲ့ (ဆိုက်ကို) စိတ္တဇဆန်ဆန်ကောင်လေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားဟာ စိတ်ကျန်းမာရေး ဆေးရုံမှာ အလုပ်လုပ်ရတဲ့ caretaker တစ်ဦးဖြစ်ပြီး ကိုယ်တိုင်က antisocial personality disorder ကိုခံစားနေရသူအဖြစ် ပါဝင်သရုပ်ဆောင်ရမှာပါ။ အဲ့လို antisocial ဖြစ်နေတဲ့ ကောင်လေး Moon Kang Tae ဟာ  ကလေးပုံပြင်စာအုပ်တွေ ရေးသားသူတစ်ဦးလည်းဖြစ်လို့နေပါတယ်။ ဇာတ်လမ်းက လွှင့်တောင် မလွှင့်ရသေးပေမယ့် အကြမ်းဖျင်း plot ကိုဖတ်ရတာနဲ့တင်စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

 

လက်ရှိမှာ ဒီဇာတ်လမ်းတွဲကို လာမယ့်နှစ် ၂၀၂၀၊ tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ဖို့ အတွက် လျာထားပြီးပါပြီ။ ပိုပိုလေးနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်။

ref:koreaboo

(ပိုပိုလေး)



Follow us on