1. Home
  2. Movie Stars - Celebrity

ကွာရှင်းပြီး ပထမဦးဆုံး ကိုးရီးယားမှာ လူရှေ့ထွက်ပြီး ပွဲတက်ပြလာတဲ့ ဆောင်းဟယ်ကျို

Movie Stars - Celebrity ต.ค. 21, 2562 view 1,718

ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေရဲ့ အသည်းဦးလို့ တင်စားခေါ်ဝေါ်ရမယ့် သရုပ်ဆောင် ဆောင်းဟယ်ကျိုဟာ ခင်ပွန်းသည် ဆောင်းဂျွန်ကီနဲ့ ကွာရှင်းပြီးနောက်ပိုင်း နိုင်ငံခြား ကုန်ပစ္စည်းအမှတ်တံဆိပ်ကြော်ငြာတွေကို ဆက်လက်ရိုက်ကူးနေခဲ့ပါတယ်။

ဆောင်းဟယ်ကျိုဟာ ကမ္ဘာပတ်ပြီး အလုပ်လုပ်နေခဲ့ပေမယ့် ကိုးရီးယားမှာတော့ ကွာရှင်းပြတ်စဲ သတင်းပြီးဆုံးကတည်းက လူရှေ့ public မှာထွက်ပြီး ပွဲတက်တာမျိုးတွေ မရှိသေးပါဘူး။ အောက်တိုဘာ ၂၁ မှာ ဆောင်းဟယ်ကျို Chaumet ပွဲကိုတက်ရောက်လာတဲ့ ဓာတ်ပုံအချို့ လူမှုကွန်ယက်မှာ တက်လာပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ Hair stylist Lee Hye Young က သူမ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

Lee Hye Young က Kyo ကို “ချစ်ဖို့ကောင်းတဲ့ Kyo, ကျက်သရေရှိတဲ့ Kyo” လို့ရေးသားပြီး တင်ခဲ့တာပဲဖြစ်ပါတယ်။

ဆောင်းဟယ်ကျိုဟာ Chaumet ရဲ့ brand ambassador တစ်ဦးဖြစ်ပြီး Chaumet ကလည်း လှပလွန်းတဲ့ Kyo ပုံတွေကို လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

Kyo တစ်ယောက် အနက်ရောက်ဂါဝန်လေးနဲ့ အရမ်းကို လှပနေတော့တာပါပဲ။

ခင်ပွန်းသည်နဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုလှ၊ ပိုစိတ်ချမ်းသာနေတာကို မြင်တွေ့ရတာ အမှန်တကယ်ပဲ စိတ်ချမ်းသာမိစေပါတယ်။

ref:soompi

(ပိုပိုလေး)

 



Follow us on