1. Home
  2. Movie Stars - Celebrity

တရုတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နတ်သမီးတစ်ပါးလို လှပနေတဲ့ Park Min Young

Movie Stars - Celebrity ต.ค. 22, 2562 view 1,682

မြန်မာပရိတ်သတ်တွေကြားထဲ "အတွင်းရေးမှူးကင်" ဆိုပြီးလူသိများတဲ့ မင်းသမီးချောလေး Park Min Young ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ မနက်ခင်းမှာ အလုပ်ကိစ္စအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ကို ထွက်ခွာခဲ့ပါတယ်။

မျက်နှာမှာ မိတ်ကပ် အထွေအထူးလိမ်းခြယ်ထားခြင်းမရှိပေမယ့် ရိုးရိုးလေးနဲ့ လှနေတာကို မြင်တွေ့ရမှာပါ။

Park Min Young ဟာ သူမကို ဓာတ်ပုံရိုက်နေတဲ့ သတင်းထောက်တွေကို မြင်တဲ့အခါ ရှောင်လွှဲမသွားဘဲ ကင်မရာရှိတဲ့ဘက်ကိုလှည့်ပြီး အလှဆုံးပြုံးပြခဲ့ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုတွေအနေနဲ့ Exo Sehun နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ Busted Season 2 မှာ ပါဝင်မှာဖြစ်ပြီး လာမယ့် ၂၀၂၀ မှာ မင်းသား Seo Kang Joon နဲ့အတူ 'I'll visit if the weather is nice' ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

လတ်တလော ထုတ်လွှင့်နေတဲ့ ဇာတ်ကားတော့မရှိသေးပေမယ့် လာမယ့် ၂၀၂၀ မှာ သူမရဲ့ ဇာတ်ကားအသစ်တွေကို မြင်တွေ့ရဦးမှာပါ။ ပိုပိုလေးနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

ref:koreaboo

(ပိုပိုလေး)

 



Follow us on