1. Home
  2. Movie Stars - Celebrity

Sulli ဈာပနကို ကူညီပေးဖို့ အရင်ဆုံးရောက်လာခဲ့ပြီး အဆုံးသတ်တဲ့အချိန်ထိရှိနေပေးခဲ့တဲ့ IU

Movie Stars - Celebrity ต.ค. 22, 2562 view 1,714

တောင်ကိုးရီးယား အဆိုတော်၊သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Sulli ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါတယ်။ Sulli သေဆုံးတာနဲ့ပတ်သတ်ပြီး မိသားစုဝင်တွေ အနုပညာလောက က မိတ်ဆွေအပေါင်းအသင်းတွေ ပူဆွေးဝမ်းနည်းနေကြတုန်းပါပဲ။

IU, Sulli တို့နဲ့ ခင်မင်ရင်းနှီးတဲ့ တီဗွီရှိုးတင်ဆက်သူ Hong Seok Cheon က Channel A သတင်းမှာ သူတို့နှစ်ဦးကြားက ခင်မင်မှုတွေ အကြောင်းကိုပြောပြလာပါတယ်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် Sulli ဈာပန အခမ်းအနားကို သွားခဲ့တယ်။ နာရေး စတဲ့ ပထမဆုံးနေ့ကတည်းက Sulli မိသားစုဝင်တွေနဲ့အတူ IU ရှိနေပေးခဲ့တယ်။ Sulli ဈာပနကို အရင်ဆုံး ရောက်လာခဲ့တာလည်း IU ပါပဲ။

Iu, Sulli ဈာပနကိုလာရောက်တဲ့ ဧည့်သည်တွေကို လိုလေသေးမရှိအောင် ကူညီဆောင်ရွက်ပေးနေတာကို မြင်နေရတော့ ဒီလိုတွေးမိတယ်။ 'Sulli မှာ ဒီလို ကောင်းတဲ့ သူငယ်ချင်းတွေရှိနေလျက်နဲ့ ဘာကြောင့် ဘဝကို အရှုံးပေးပြီး အရာအားလုံးကို စွန့်ခွာသွားရတာလဲ?' ပင်ပန်းတာကို ပင်ပန်းတယ်လို့ပြောခဲ့ရင် ဝမ်းနည်းတာကို ဝမ်းနည်းတယ်လို့ ပြောခဲ့ရင် အခုလို ဖြစ်သွားစရာအကြောင်းမရှိဘူး။" ဆိုပြီး ကြေကွဲဝမ်းနည်းစွာပြောပြလာပါတယ်။

IU နဲ့ Sulli ဟာ ညီအစ်မအရင်းတွေလို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး IU ဟာ ၂၀၁၂ တုန်းက Sulli အကြောင်းရေးထားတဲ့ သီချင်းတစ်ပုဒ် ရေးစပ် သီဆိုခဲ့ပါသေးတယ်။ သီချင်းလေး နာမည်ကတော့ 'Peach' ပါ။ Sulli ကလဲ IU အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ Hotel Del Luna ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ပေးခဲ့ပါတယ်။

လတ်တလော Sulli သေဆုံးတာနဲ့ ပတ်သတ်ပြီး IU ဘက်က အင်စတာဂရမ်မှာ ဘာမှ မတင်တာကြောင့် အထင်လွဲအမုန်းပွားစရာကိစ္စရပ်တွေဖြစ်လာပါတယ်။

"သူငယ်ချင်းသေတာကို ဝမ်းနည်းကြေကွဲတဲ့ ပို့စ်လေးတစ်ခုတောင် မတင်ဘူး" ဆိုပြီး ဝေဖန်ပြောဆိုလာကြပါတယ်။ တကယ်တော့ IU ဟာ သုံးရက်လုံးလုံး Sulli ဈာပနမှာ ကူလုပ်နေခဲ့တာကြောင့် ဆိုရှယ်မီဒီယာ အင်တာနက်ပေါ်တက်ဖို့ အချိန်မရနေခဲ့တာပဲဖြစ်ပါတယ်။

ref:koreaboo

(ပိုပိုလေး)

 

 

 



Follow us on