1. Home
  2. Special or Others

တံတားအောက်မှာ ညပ်နေတဲ့ လေယာဉ်ကြီး (ရုပ်သံ)

Special or Others ต.ค. 23, 2562 view 1,675

တရုတ်နိုင်ငံက ဂုံးကျော်တံတားကြီး တစ်စင်းအောက်မှာ ညပ်နေတဲ့ လေယာဉ်ကြီးကို ကုန်တင်ကားမောင်းသူက ဖြတ်ထိုးဉာဏ်သုံးပြီး လုပ်ဆောင်ခဲ့တာကြောင့် တံတားနဲ့ လွတ်သွားခဲ့တဲ့ဗီဒီယိုက အွန်လိုင်းမှာ ပျံ့နှံ့ပြီး ကားဆရာကို ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

ဟာဘင်ပြည်နယ်ရဲ့ မြို့တော် ဟေလောင်ကျင်း မှာ ဖြစ်ပျက်သွားခဲ့တာဖြစ်ပါတယ်။ Aitbus A320 လေယာဉ်ကြီးကို ပြင်ဆင်ဖို့ တွဲကားကြီးနဲ့ တင်ဆောင်လာချိန် တံတားအောက်အရောက်မှာ မလွတ်ပဲ ညပ်သွားခဲ့တာဖြစ်ပါတယ်။ ကားမောင်းသူက ဖြတ်ထိုးဉာဏ်သုံးပြီး တွဲကားက တာယာတွေကို လေလျှော့လိုက်မှ တံတားကြီးအောက်ကနေ လွတ်အောင် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

ရုပ်သံအရ လေယာဉ်ရဲ့ ကိုယ်ထည်ရော တံတားပါ ပြောပလောက်တဲ့ ပျက်ဆီးမှုမျိုးမရှိတာကို တွေ့ရပါတယ်။



Follow us on