1. Home
  2. Movie Stars - Celebrity

ပရိတ်သတ် ရွေးချယ်သတ်မှတ်ပေးထားတဲ့ ဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံး မင်းသမီး (၆) ဦး

Movie Stars - Celebrity ต.ค. 23, 2562 view 1,985

တောင်ကိုးရီးယားမှ ဇာတ်လမ်းတွဲကြိုက်နှစ်သက်သူ ပြည်သူလူထုဟာ လူမှုကွန်ယက်အင်တာနက်မှာ  ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေနဲ့ အလိုက်ဖက်ဆုံး မင်းသမီး(၆) ဦးကို voting(မဲပေးစနစ်) ဖြင့် ရွေးချယ်ပြီး သတ်မှတ်ပေးလိုက်ပါတယ်။

 

Jeon Ji Hyun

သရုပ်ဆောင် Jeon Ji Hyun က 'My Love From Another Star' ဇာတ်လမ်းတွဲမှ Cheon Song Yi ဇာတ်ကောင်နဲ့ လိုက်ဖက်ညီလွန်းတာကြောင့် နံပါတ်တစ် နေရာကိုရရှိခဲ့ပါတယ်။

 

Park Bo Young

သရုပ်ဆောင် Park Bo Young ကတော့ 'Oh My Ghost' ဇာတ်လမ်းတွဲမှာ စာဖိုမှူးဖြစ်ချင်တဲ့ ကောင်မလေး Na Bong Soon အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဇာတ်ကောင်နဲ့ လိုက်ဖက်အညီဆုံး နံပါတ်(၂) နေရာကို ချိတ်သွားပါတယ်။

 

IU

အဆိုတော်၊ သရုပ်ဆောင် IU ကတော့ Hotel Del Luna ဇာတ်လမ်းတွဲထဲက Jang Manwol ကာရိုက်တာနဲ့ နံပါတ် (၃) နေရာကို ချိတ်သွားခဲ့ပါတယ်။

 

Park Bo Young

တစ်ဖန် Park Bo Young ကပဲ 'Strong Woman Do Bong Soon' ဇာတ်လမ်းတွဲမှ 'Do Bong Soon' ကာရိုက်တာနဲ့ နံပါတ် (၄) စာရင်းကို ပြန်ဝင်လာပါတယ်။

 

Kim Ji Won

'Fight for my way' ဇာတ်လမ်းတွဲမှ သတင်းကြေညာသူဖြစ်ချင်တဲ့ ခပ်စွာစွာ ကောင်မလေး Choi Ae Ra နေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kim Ji Won ကတော့ နံပါတ် (၅) နေရာမှာ ချိတ်သွားပါတယ်။

 

Kim Go Eun

'Goblin' ဇာတ်လမ်းတွဲမှာ မှင်စာရဲ့ သတို့သမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သရုပ်ဆောင် Kim Go Eun ကတော့ ဇာတ်ကောင်နဲ့အလိုက်ဖက်ဆုံး မင်းသမီး စာရင်းမှာ နံပါတ်(၆) နေရာကိုရရှိသွားပါတယ်။

အခုတင်ဆက်ပေးသွားတာကတော့ ပရိတ်သတ် သတ်မှတ်ပေးထားတဲ့ ဇာတ်ကောင်(ကာရိုက်တာ) နဲ့ အလိုက်ဖက်ဆုံး မင်းသမီး (၆) ဦးအကြောင်းပဲဖြစ်ပါတယ်။ နောက်ထပ် ဒီလို သတင်းကောင်းလေးတွေ ဖတ်ရှုလိုတယ်ဆိုရင်တော့ Popolay Facebook Page ကို see first လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဖတ်ရှုသူ ပိုပိုလေး ပရိတ်သတ်အပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေလို့ ပိုပိုလေး အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ref:koreaboo

(ပိုပိုလေး)

 

 



Follow us on