1. Home
  2. Movie Stars - Celebrity

ရိုက်ကွင်းမှာ ကလေးသရုပ်ဆောင် ကို ဂရုစိုက်ပေးနေတဲ့ Gong Yoo ရဲ့ ပုံရိပ်များ

Movie Stars - Celebrity ต.ค. 25, 2562 view 1,732

တောင်ကိုးရီးယား နာမည်ကျော် မင်းသားကြီးစားရင်းဝင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသားကြီး Gong Yoo ဟာ လတ်တလော ကိုးရီးယားမှာပြသနေတဲ့ Kim Ji Young, Born 1982 ဆိုတဲ့ ရုပ်ရှင်ကားမှာ အဓိကဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ Gong Yoo ဟာ ဒီဇာတ်ကားအတွက် ပရိုမိုးရှင်းဆင်းနေရာတပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Gong Yoo ရဲ့ သမီးနေရာက ကလေးသရုပ်ဆောင် Ryu Ah Young က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကလေးသရုပ်ဆောင်က ငယ်လွန်းသေးတာကြောင့် ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို ပါဝင်သရုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေရှိနေမှာ အမှန်ပါပဲ။

ဒါကြောင့် Gong Yoo က သူ့သမီးနေရာက ပါဝင်သရုပ်ဆောင်တဲ့ ကလေးလေး Ryu Ah Young ကို သူကိုယ်တိုင်ပဲ ထိန်းကျောင်းပေးခဲ့ပါတယ်။ ဒီလိုထိန်းကျောင်းပေးတဲ့ အကျိုးကျေးဇူးကတော့ ကလေးနဲ့ သူကြားမှာ ရင်းနှီးမှုပိုမိုရရှိလာပြီး သရုပ်ဆောင်တဲ့နေရာမှာ ကလေးက မကြောက်တော့ဘဲ သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

Gong Yoo နဲ့ ကလေးသရုပ်ဆောင် Ryu Ah Young တို့နှစ်ဦးရဲ့ ရိုက်ကွင်းက ဓာတ်ပုံတွေကို Kim Ji Young, born 1892 ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သားတွေက လူမှုကွန်ယက်မှာ တင်ပေးခဲ့ပါတယ်။

Gong Yoo ဟာ ပြင်ပလောကမှာ အသက်လေးဆယ်ကျော်နေတဲ့ လူပျိုကြီးဆိုပေမယ့် ခုလို ကျပြန်တော့လည်း ကလေးချစ်တတ်တဲ့ ‘ကလေးဖေဖေ တစ်ယောက်’ နဲ့တောင် တူနေပါသေးတယ်။

Ref:koreaboo

(ပိုပိုလေး)



Follow us on