1. Home
  2. Movie Stars - Celebrity

ကားတိုက်ပြီး လူသတ်မိသွားတဲ့ အရံသရုပ်ဆောင် Jung Won Joong

Movie Stars - Celebrity ต.ค. 25, 2562 view 1,784

တောင်ကိုးရီးယားနိုင်ငံ ဇာတ်လမ်းတွဲ အရံသရုပ်ဆောင် Jung Won Joong ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ကားမတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။

လတ်တလော ဆေးစစ်ချက်ထွက်ရှိချက်အရ Jung Won Joong ဟာ အရက်မူးပြီး ကားမောင်းခဲ့ကြောင်း သိရှိရပါတယ်။

အမှုဖြစ်ပွားပုံက ဒီလိုပါ။ အောက်တိုဘာ ၂၂ ရက်နေ့ ည ၇ နာရီ ၃၂ မိနစ် အချိန်မှာ သရုပ်ဆောင် Jang Won Young ဟာ ကြီးမားတဲ့ စတိုးဆိုင်ကြီးအနီးနားမှာ ကားမောင်းနေခဲ့ပါတယ်။ မောင်းနေရင်းက ရုတ်တရက် ‘ဂငယ်ကွေ့’ ကွေ့လိုက်တာကြောင့် တစ်ဖက်က မော်တော်ဆိုင်ကယ်နဲ့ လာတဲ့ delivery ပို့တဲ့ကောင်လေးကို အရှိန်ပြင်းပြင်းနဲ့ တိုက်မိသွားခဲ့ပါတယ်။

ကားနဲ့ တိုက်ပြီးပြီးချင်းမှာပဲ ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပေမယ့် အသက်မမှီတော့ဘဲ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူ delivery man ဟာ အသက် ၁၇ နှစ်သာရှိပါသေးတယ်။

Jang Won Young ဘက်က ‘ညအချိန် မီးအလင်းရောင်က သိပ်မမြင်ရတာကြောင့် တစ်ဖက်က လာတဲ့ မော်တော်ဆိုင်ကယ်ကို မမြင်ဘဲ တိုက်မိသွားတယ်’ လို့ ဖွင့်ဆိုထားပါတယ်။

သရုပ်ဆောင် Jang Won Young ဟာ လတ်တလော KBS က ထုတ်လွှင့်ပြသနေတဲ့ Beautiful Love, Wonderful Life ဇာတ်လမ်းတွဲမှာ အရံအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တခြားနာမည်ကြီးဇာတ်လမ်းတွဲတွေဖြစ်တဲ့ Winter Sonata, Midnight Runners, Attorney,Hospital Ship,Reply 1988, Steel Rain အစရှိတဲ့ ဇာတ်ကားကောင်းတွေမှာ အရံအနေနဲ့ ပါဝင်သရုပ်ဆောင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။

ref:koreaboo

(ပိုပိုလေး)

 

 

 

 



Follow us on