1. Home
  2. Movie Stars - Celebrity

ရိုက်ကူးရေး စတင်နေပြီဖြစ်တဲ့ Lee Min Ho နဲ့ Kim Go Eun တို့ရဲ့ ဇာတ်လမ်းတွဲအသစ်

Movie Stars - Celebrity ต.ค. 25, 2562 view 1,788

တောင်းကီုးရီးယား နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Lee Min Ho နဲ့ Kim Go Eun တို့ဟာ နာမည်ကြီး ဇာတ်ညွှန်းရေးဆရာမ Kim Eun Sook ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲ ‘The King: The Eternal Monarch’ မှာ အဓိဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို SBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ရိုက်ကူးရေးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်၊ Chungcheong ဒေသ မြောက်ပိုင်းမှာ သွားရောက်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

Lee Min Ho က ဒီဇာတ်လမ်းတွဲမှာ ရှင်ဘုရင် Lee Gon အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး Kim Go Eun ကတော့ စုံထောက် Jung Tae Eul အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။  ဒီဇာတ်လမ်းတွဲရဲ့ပုံစံက သမားရိုးကျအတိုင်းမဟုတ်ဘဲ Parallel Universe သဘောမျိုး ရိုက်ကူးတင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ရှေးဘုရင် လက်ထပ်တွေတုန်းက ရှင်ဘုရင် Lee Gon နဲ့ ဒီဘက်ခေတ်က စုံထောက်မလေး Jung Tae Eul တို့ ဘယ်လို ဆုံတွေ့ကြမယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ ပိုပိုလေးနဲ့အတူ မျှော်လင့်စောင့်စားကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။

ref:allkpop

(ပိုပိုလေး)

 

 

 



Follow us on