1. Home
  2. Movie Stars - Celebrity

အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ သားသမီးတွေကိုရည်ညွှန်းပြီးရေးဖွဲ့သီဆိုထားတဲ့ Westlife ရဲ့ သီချင်းအသစ်

Movie Stars - Celebrity ต.ค. 25, 2562 view 1,767

၂၀၀၀ ခုနှစ်တွေရဲ့ ပေါ့ပ်ဘုရင်တွေလို့ တင်စားခေါ်ဝေါ်ရမယ့် Westlife အဖွဲ့ကို ပရိတ်သတ်ကြီးနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ လိုအပ်မယ်မထင်ပါဘူး။ လက်ရှိမှာတော့ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးတွေဖြစ်ခဲ့ကြတဲ့ Westlife အဖွဲ့ဝင်တွေဟာ အိမ်ထောင်ကျပြီး ကလေးအဖေတွေ ဖြစ်လို့နေပါပြီ။

Westlife ဟာ  အောက်တိုဘာ ၂၅ ရက်နေ့မှာ သူတို့ကလေးတွေကို ရည်ညွှန်းရေးဖွဲ့ထားတဲ့ သီချင်းလေးတစ်ပုဒ်ကို ပရိတ်သတ်ကြီးနားထောင်ခံစားကြည့်ရှုနိုင်ဖို့ Youtube Channel မှာတင်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ သီချင်းလေးရဲ့ အစမှာ ‘ဒီသီချင်းက ကျွန်တော်တို့ရဲ့ကလေး ၊ ခင်ဗျားတို့ရဲ့ကလေးတွေအတွက်ရည်ညွှန်းပါတယ်’ ဆိုပြီး ရေးသားထားပါတယ်။

လက်ရှိမှာ Nicky Byrne က အမွှာသားနှစ်ယောက်နဲ့ သမီးအငယ်လေးတစ်ယောက်၊ Shane Filan က သမီးတစ်ယောက် သားနှစ်ယောက်၊ Kian Egan က သားနှစ်ယောက် နဲ့ Markus Feehily က သမီးလေး တစ်ယောက် အစရှိသဖြင့် မိသားစုကိုယ်စီနဲ့ ဖြစ်နေကြပါပြီ။

Markus Feehily နဲ့ သူ့ချစ်သူ Caileaon တို့ရဲ့ သမီးလေး Layla ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့တုန်းကမှ လူ့လောကထဲရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် Westlife အဖွဲ့ဝင်တွေ အကုန်လုံး ကလေးကိုယ်စီရရှိသွားပါပြီ။ ဒီလို ရရှိသွားတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီသီချင်းလေး ထုတ်ဖြစ်သွားတဲ့ပုံပါပဲ။ Westlife အဖွဲ့ဝင်တွေ  သီဆိုထားကြတဲ့ My Blood ဆိုတဲ့ သီချင်းလေးကို ကြည့်ရှုခံစားနားဆင်ကြည့်လိုက်ပါဦး ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 



Follow us on