1. Home
  2. Good Morning Myanmar

သရုပ်ဆောင်အကယ်ဒမီ ဖွေးဖွေးကို Bee Talk Chatting Applicationမှ Brand Ambassador အဖြစ်တရားဝင်ခန့်အပ်

Good Morning Myanmar ก.ย. 15, 2558 view 1,562

Bee Talk Chatting Application မှရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ဖွေးဖွေးကို Brand Ambassador အဖြစ်တရားဝင်ခန့်အပ်ခြင်းအခမ်းအနားကိုစက်တင်ဘာ(၁၃)ရက်နေ့က Junction Square မှာပြုလုပ်ခဲ့ပါတယ်။Bee Talkကိုယ်ပိုင် Public Account များမှနေ့စဉ်သတင်း၊ ဆောင်းပါးနဲ့၊ စိတ်အပန်းဖြေစရာ ကဏ္ဍမျိုးစုံကိုအသုံးပြုနိုင်မှာဖြစ် ပြီး(၂၀၁၅)ခုနှစ် သြဂုတ်လကစတင်ကာပြင်ပကုမ္ပဏီများနဲ့ပူးပေါင်းပြီး Company Public Account များအနေနဲ့နယ်ပယ်စုံမှအကြောင်းအရာများကိုသိရှိရန်လုပ်ဆောင် ထားတယ်လို့သိရပါတယ်။Bee Talk Application ကိုမြန်မာနိုင်ငံမှာ(၂၀၁၅)ခုနှစ် ဇန်န၀ါရီက စတင်အသုံးပြုနိုင်တာဖြစ်ပြီးမြန်မာနိုင်ငံအပါဝင်အရှေ့တောင်အာရှနိုင်ငံ တွေမှာလည်းမိခင်ဘာသာစကားနဲ့အလွယ်တကူအသုံးပြုနိုင်တယ်လို့သိရပါတယ်။



Follow us on