1. Home
  2. Movie Stars - Celebrity

တောင်ကိုးရီးယားနိုင်ငံရဲ့ မြို့ကြီးတွေမှာ ရုံတင်ပြသသွားမယ့် ‘မီ’ ရုပ်ရှင်ဇာတ်ကားကြီး

Movie Stars - Celebrity ต.ค. 29, 2562 view 1,699

မြန်မာပရိတ်သတ်တွေ အကြိုက်တွေ့ ခဲ့တဲ့ စာရေးဆရာမ ‘ကြည်အေး’ ရဲ့ ‘မီ’ ဝတ္ထုစာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ‘မီ’ ရုပ်ရှင်ကားကြီးကို တောင်ကိုးရီးယားနိုင်ငံရဲ့ မြို့ကြီးတွေမှာ ရုံတင်ပြသသွားတော့မှာပဲဖြစ်ပါတယ်။

ပြသသွားမယ့် မြို့ကြီးတွေကတော့ ဆိုးလ်၊ ဂွမ်ဂျူ၊ ဂျယ်ဂျူ နဲ့ ဘူဆန်မြို့တို့ ဖြစ်ပါတယ်။

ဆိုးလ်မြို့မှာ CGV ရုပ်ရှင်ရုံ၊ ဘူဆန်မှာ Busan Cinema Center ၊ ဂျယ်ဂျူဒိုမှာ Megabox Jeju ၊ ဂွမ်ဂျူ Asia Culture Center တို့မှာ အသီးသီး ပြသသွားမှာဖြစ်ပါတယ်။

ဒါ‌ဟာ တောင်ကိုးရီးယားမှာရှိတဲ့ မြန်မာပရိတ်သတ်တွေ ‘မီ’ ရုပ်ရှင်ကားကြီးကို ကြည့်ရှုခွင့်ရရှိမယ့် အခွင့်အရေးပဲဖြစ်ပါတယ်။

ဒါ့အပြင် ‘မီ’ကို စိတ်ဝင်တစားလာရောက်ကြည့်ရှုမယ့် ကိုးရီးယား လူမျိုးတွေအနေနဲ့ ၁၉၄၀ ဝန်းကျင်လောက်က မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်း ဟန်ပန်ပုံရိပ်တွေကို အပြည့်အဝ တွေ့မြင်ခံစားသိရှိနိုင်မှာပဲဖြစ်ပါတယ်။

အခုလို ရုပ်ရှင်ပညာထွန်းကားလှတဲ့ တောင်ကိုးရီးယားရဲ့ မြို့ကြီးသုံးမြို့မှာ ပြသခွင့်ရသွားတဲ့ ‘မီ’ ရုပ်ရှင်ကားကြီးအတွက် အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

Ref:Shine Ko Ko

(ပိုပိုလေး)

 

 



Follow us on