1. Home
  2. Movie Stars - Celebrity

အသည်းကင်ဆာ ဝေဒနာခံစားနေရတဲ့ သရုပ်ဆောင် Kim Jung Tae

Movie Stars - Celebrity ต.ค. 29, 2562 view 1,762

သရုပ်ဆောင် Kim Jung Tae ဟာ SBS Plus ရဲ့ Did you eat အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ အစီအစဉ်ရဲ့ main host ကတော့ သရုပ်ဆောင် မင်းသမီးကြီး Kim Su Mi ဖြစ်ပြီး မင်းသမီးကြီးရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိလာတာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Kim Jung Tae ဟာ သူခံစားခဲ့ရတဲ့ ရောဂါဝေဒနာအကြောင်းဝေမျှလာပါတယ်။ သူဟာ မျိုးရိုးစဉ်ဆက် အသည်းအားနည်းတဲ့ မိသားစုက ဆင်းသက်လာခဲ့တာဖြစ်ပြီး သူ့မှာလည်း အသည်းကင်ဆာ ရောဂါဝေဒနာ ခံစားခဲ့ရတဲ့အကြောင်းပြောပြလာပါတယ်။

မင်းသမီးကြီး Kim Su Mi နဲ့ သူဟာ Granny’s Got Talent မှာ သားအမိနေရာက ပါဝင်သရုပ်ဆောင်ခဲ့ကြပြီး တကယ့်သားအမိတွေလိုမျိုး ရင်းနှီးခဲ့ကြတယ်လို့ဆိုပါတယ်။

Kim Su Mi ဟာရောဂါ ဝေဒနာခံစားနေရတဲ့ Kim Jung Tae ကို အမြဲအားပေးနေခဲ့ပါတယ်။ တစ်ဖန် Kim Jung Tae က သူ အသည်းကင်ဆာရောဂါအတွက် ဆေးကုသမှုခံယူနေစဉ်အတောအတွင်း အနားမှာ အမြဲပြုစုပေးခဲ့တဲ့ ဇနီးသည်ကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားသွားခဲ့ပါတယ်။

Kim Jung Tae ဟာ ရောဂါကြောင့် သရုပ်ဆောင်အလုပ်ကို ရပ်နားထားခဲ့ရပါတယ်။ မင်းသမီးကြီး Kim Su Mi ရဲ့ ဖိတ်ကြားချက်အရ ‘Did you eat’ အစီအစဉ်မှာ ပါဝင်လာပြီး အမေအရင်းက သူ့ကိုခေါ်သလို ခံစားရတာကြောင့် ဒီအစီအစဉ်ကို တက်ရောက်ဖြစ်သွားတယ်ဆိုပြီး မျက်ရည်စက်လက်နဲ့ ပြောပြသွားပါတယ်။

Ref:koreaboo

(ပိုပိုလေး)

 



Follow us on