1. Home
  2. Movie Stars - Celebrity

အင်တာနက်မှာ အမုန်းစာသားရေးသားသူ (၁၂) ဦးကို တရားစွဲလိုက်တဲ့ Sunmi

Movie Stars - Celebrity ต.ค. 29, 2562 view 1,586

တောင်ကိုးရီးယား နာမည်ကြီး တစ်ကိုယ်တော် အဆိုတော်  (ယခင် wonder girls အဖွဲ့ဝင်ဟောင်း) Sunmi ဟာ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ အမုန်းစာသား လာရောက်ရေးသားသူတွေကို တရားစွဲလိုက်ပြီပဲဖြစ်ပါတယ်။

Sunmi ရဲ့ အေဂျင်စီ Makeus Entertainment မှ အောက်ပါအတိုင်းကြေညာချက်ထုတ်ပြန်လာပါတယ်။

“မင်္ဂလာပါ Makeus Entertainment ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်မှာ ကျွန်တော်တို့ဘက်က အဆိုတော် Sumi ကို အင်တာနက်မှာ စော်ကားရေးသားသူ ၁၂ ဦးကိုတရားစွဲဆိုထားပြီးပါပြီ။ Sumi ရဲ့ အင်စတာဂရမ် အကောင့်ဖြစ်တဲ့ miyayeah မှာ သူ့ကိုစော်ကားထားသူတွေရဲ့ data အပြည့်အစုံရှိပါတယ်။

ဒါဟာ ကျွန်တော်တို့ အဆိုတော်ရဲ့ ကာရိုက်တာကို ထိပါးစေတာကြောင့် ကျွန်တော်တို့ဘက်က အခုလို ဥပဒေနဲ့ ဖြေရှင်းလိုက်ရခြင်းပဲဖြစ်ပါတယ်။ နောက်နောင်မှာ အင်တာနက်ရဲ့ မကောင်းတဲ့ ဒီအချက်ကို ကျွန်တော်တို့အားလုံး အတူပြောင်းလဲနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ဒီနေ့ ဒီအချိန်ထိ Sunmi ကိုချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်လဲ အားပေးကြပါဦး ကျွန်တော်တို့အနေနဲ့ သူမ image မကျအောင် ဒီထက်ပိုပြီး ကြိုးစားသွားမှာပါ” ဆိုပြီး ကြေညာချက်ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄  မှာ အဆိုတော် Sulli သေဆုံးပြီးတဲ့နောက် idol အဆိုတော်တွေ၊ မင်းသား၊ မင်းသမီး သရုပ်ဆောင် တွေအ နေနဲ့ ဒီလိုအဖြစ်ဆိုးမျိုး ကိုယ်တိုင် ကြုံတွေ့ရမှာကို တွေးကြောက်နေခဲ့ကြပါတယ်။ Sulli ဟာ သူ့ အင်စတာဂရမ်မှာ အမုန်းစာသား လာရောက်ရေးသားကြတဲ့ ဒဏ်ကို မခံနိုင်တော့တာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုး နောက်တစ်ယောက် ထပ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပါပဲ။

Ref:allkpop

(ပိုပိုလေး)

 



Follow us on