1. Home
  2. Movie Stars - Celebrity

အရင်က အေးမြဖြူနဲ့ ယခု အေးမြဖြူ ဘာတွေ ကွာခြားသွားသလဲ?

Movie Stars - Celebrity พ.ย. 01, 2562 view 1,939

Myanmar Idol Season 4 ရဲ့ Top 11 (finalists) မှာ ပါဝင်လာတဲ့ အသက်အငယ်ဆုံး အဆိုတော်လေးကို ပရိတ်သတ်ကြီးနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့ လိုအပ်မယ် မထင်ပါဘူး။ အသက် ၇ နှစ် အရွယ်ကတည်းက ‘ဂီတ တံခါးလေးဖွင့်ပါဦး’ အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိတ်သတ် အားပေးမှုကိုရရှိလာခဲ့တာ အခုဆိုရင် Myanmar Idol Season 4 ရဲ့ အသက်အငယ်ဆုံး finalists တစ်ယောက် ဖြစ်လို့လာပြီပဲဖြစ်ပါတယ်။

 

 

အေးမြဖြူဟာ ငယ်စဉ်ကတည်းက မြန်မာဇာတ်ကားတော်တော်များများမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖူးခဲ့ပြီး Myanmar Idol Season 4 မှာ ပရိတ်သတ်ကြီးနဲ့ သိပ်မစိမ်းတဲ့ အဆိုတော် တစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူး။ ငယ်ငယ်လေးကတည်းက အသံကောင်းပြီး အရည်အချင်းရှိတဲ့ ကလေးမို့ ပရိတ်သတ်ကြီး သတိထားမိနေခဲ့တာ အခုဆိုရင် ဒီကလေးလေးက အသက် ၁၆ နှစ် ‌‌တောင်ရှိသွားပါပြီ။

 

အေးမြဖြူ အသက် (၇) နှစ်အရွယ်တုန်းက ‘ဂီတတံခါးလေးဖွင့်ပါဦး’ အစီအစဉ်မှာ ဖြူဖြူကျော်သိန်းရဲ့ ‘လမ်းခွဲ’ သီချင်းနဲ့ ပါဝင်သီဆိုယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ငယ်လွန်းတဲ့ အသက်(၇) နှစ်အရွယ် ကလေးလေး အေးမြဖြူဟာ ဒီအသက်ဒီအရွယ်မှာတောင် high notes(အသံမြင့်) တွေ အများကြီးပါတဲ့ သီချင်းကိုတောင် အမှားမရှိဘဲ သီဆိုသွားနိုင်တာကို ကြည့်ခြင်းအားဖြင့် Myanmar Idol Season 4 ရဲ့ အသက်အငယ်ဆုံး Top Finalist တစ်ယောက် ဖြစ်လာတာ မဆန်းဘူးလို့ ယူဆမိသွားရလောက်တဲ့အထိပါပဲ။

အေးမြဖြူဟာ Myanmar Idol Season 4 (Top Finalists 11) ရဲ့ ပထမဆုံး Live ဖျော်ဖြေတင်ဆက်မှုကြီးမှာ နီနီခင်ဇော်ရဲ့ ‘လွမ်းခွင့်လေး’ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒိုင်လူကြီးတွေ ပြောကြားချက်အရ ဒီသီချင်းဟာ အသံ အနိမ့်အမြင့် အတက်အကျ အများအပြား ပါဝင်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပေမယ့် အေးမြဖြူက အသံအနေအထားကို သေချာဂရုတစိုက်လေး ထိန်းပြီး သေသေသပ်သပ် ပိပိရိရိ သီဆိုဖျော်ဖြေသွားနိုင်ခဲ့ပါတယ်။

 

အေးမြဖြူဟာ ငယ်ငယ်လေးကတည်းက သီချင်းဆိုကောင်းခဲ့ပြီး အခုအချိန်မှာလည်း ဘာမှ ပြောင်းလဲသွားတာမျိုးမရှိဘဲ သီချင်းဆို ကောင်းနေသေးတာကို တွေ့ရှိရပါတယ်။ ငယ်ငယ်က ကလေးလေး အေးမြဖြူက အရည်အချင်းရှိသလို အရွယ်ရောက်လာပြီဖြစ်တဲ့ အေးမြဖြူလေးကလည်း အရည်အချင်းရှိတာကို တွေ့ရပါတယ်။

ငယ်ငယ်ကတည်းက အဆိုကောင်း၊သရုပ်ဆောင်ကောင်းတဲ့ ခေးလေး အေးမြဖြူ တစ်ယောက် ဒီထက်မထကတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)



Follow us on