1. Home
  2. Special or Others

တောမီးကြောင့် ကယ်လီဖိုးနီးယားမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်

Special or Others ก.ย. 15, 2558 view 1,661

တောမီးကြောင့် ကယ်လီဖိုးနီးယားမှာ အရေးပေါ်အခြေအနေ ထုတ်ပြန် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးအကြီးအကျယ်လောင်နေပြီး လူထောင်ပေါင်းများစွာ အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေကြရလို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ရပါတယ်။ တောမီးကြောင့် Napa နဲ့ Lake ဒေသတွေမှာ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး နောက်ထပ်ရာနဲ့ချီတဲ့ အိုးအိမ်တွေအတွက်လည်း အန္တရာယ် ရှိနေဆဲ ဖြစ်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်းက ပြောပါတယ်။ San Francisco မြို့မြောက်ပိုင်းမှာရှိတဲ့ Middletown မြိ့မှာ တောမီးကြောင့် အိမ်တွေမီးလောင်ကုန်တဲ့အတွက် လူပေါင်း ၁၃၀၀ ကျော် လွတ်မြောက်ရာထွက်ပြေးခဲ့ရပြီး မီးသတ်ဝန်ထမ်း ၄ ဦးလည်း ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးရုံတင်ထားရပါတယ်။ အိုးအိမ်ပေါင်း ၂၇၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး မီးဘေးဒုက္ခသည်တွေအတွက် ကြက်ခြေနီအဖွဲ့က အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတယ်လို့ California ပြည်နယ် သစ်တောထိန်းသိမ်းရေးနဲ့ မီးဘေးရန်ကာကွယ်ရေးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Daniel Berlant က ပြောပါတယ်။ ပြီးခဲ့တဲ စနေနေ့ကတည်းက Lake ခရိုင်မှာ စတင်လောင်ခဲ့တဲ့ တောမီးကြောင့် ဧကပေါင်း ၄ သောင်း လောက် မီးလောင်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။ #BBC Burmese#



Follow us on