1. Home
  2. Movie Stars - Celebrity

Now & Ever ရုပ်ရှင်ကားကြီးမှာ ဇာတ်ဝင်သီချင်း ပါဝင်သီဆိုထားတဲ့ Myanmar Idol Top Finalist ခြူးစစ်ဟန်

Movie Stars - Celebrity พ.ย. 05, 2562 view 2,222

Myanmar Idol Top Finalists (11) ရဲ့ ပထမဆုံး သီဆိုဖျော်ဖြေမှုပွဲကြီးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ပြီးသွားခဲ့ပြီဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ၁၁ ယောက်ရဲ့ သူမတူတဲ့ အရည်အချင်းကိုယ်စီကို ပရိတ်သတ်ကြီး သိမြင်ခံစားခဲ့ပြီးဖြစ်မှာပါ။ ပြိုင်ပွဲဝင် ၁၁ ယောက်ထဲ ဒိုင်လူကြီးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းရဲ့ ‘ချယ်ရီလမ်း’ သီချင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်သီဆိုသွားတဲ့  ပြိုင်ပွဲဝင် ခြူးစစ်ဟန်ဟာ အခု လတ်တလေ‌လော ရုံတင်ပြသနေတဲ့ Now & Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကားကြီးမှာ ဇာတ်ဝင်တေး တစ်ပုဒ် ပါဝင်သီဆိုထားပါတယ်။

Now & Ever ရုပ်ရှင်ကားကြီးမှာ ခြူးစစ်ဟန်ပါဝင်သီဆိုထားတဲ့ သီချင်းလေးနာမည်က “ဖြတ်လိုက်တော့” ဖြစ်ပြီး ဒီသီချင်းကို ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် မင်းသား ‘ဇဏ်ခီ’ ကိုယ်တိုင် ရေးသားထားတယ်လို့ သိရပါတယ်။

ခြူးစစ်ဟန် အနေနဲ့ Now & Ever ရုပ်ရှင်ကားကြီးမှာ ဇာတ်ဝင်တေးသီချင်း ပါဝင်သီဆိုရတာနဲ့ပတ်သတ်လို့ သူမ ခံစားချက်တွေကို ဝေမျှလာပါတယ်။

“မှတ်မိသေးတယ် ဒီသီချင်းလေး record လုပ်တုန်းက နှစ်ရက်တည်းနဲ့ သေချာနားထောင်ပြီး ကြိုးစားခဲ့ရတဲ့သီချင်းလေး ပါဝင်သီဆိုဖို့ ကမ်းလှမ်းပေးတဲ့ ကိုကြီး Zenn Kyi နဲ့ မ Christina Kyi တို့ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Now & Ever ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းခွေကိုလည်း မကြာခင် ဆိုင်တွေမှာ တင်သွင်းပြီး ရောင်းချသွားမယ်လို့သိရပါတယ်။

Ref: Chue Sitt Han

(ပိုပိုလေး)

 

 

 

 



Follow us on