1. Home
  2. Movie Stars - Celebrity

Lee Dong Wook ရဲ့ talk show မှာ ပထမဦးဆုံး guest အနေနဲ့ ပါဝင်သွားမယ့် Gong Yoo

Movie Stars - Celebrity พ.ย. 05, 2562 view 1,691

တောင်ကိုးရီးယား နာမည်ကျော် ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ SBS ဟာ talk show တစ်ခုကို နာမည်ကြီး သရုပ်ဆောင် တစ်ဦးနဲ့အတူ ရိုက်ကူးဖို့ စီစဉ်နေပါတယ်။ အစီအစဉ်နာမည်ကို ‘I want to talk’ လို့ နာမည်ပေးထားပြီး ဒီအစဉ်ရဲ့ main host အနေနဲ့ တင်ဆက်ပေးသွားမှာကတော့ ဇာတ်လမ်းတွဲ ကြိုက်နှစ်သက်သူ မြန်မာပရိတ်သတ်တွေရဲ့ အသည်းစွဲ မင်းသားချော Lee Dong Wook ပဲဖြစ်ပါတယ်။

မင်းသားချော Lee Dong Wook ကိုယ်တိုင် main host အနေနဲ့ ပါဝင်သွားမယ့် ဒီအစီအစဉ်မှာ သူနဲ့အတူ ပထဆုံး guest အနေမယ့် ပါဝင်သွားမယ့်သူက သရုပ်ဆောင် Gong Yoo ပါ။ Gong Yoo နဲ့ Lee Dong Wook တို့ဟာ 2017 တုန်းက Goblin ဇာတ်လမ်းတွဲမှာ အတူပါဝင်သရုပ်ဆောင်ရင်းက ခင်မင်ခဲ့ကြပြီး ခုချိန်ထိ ပြင်ပမှာလည်း အခင်အမင် မပျက်ရှိနေဆဲပဲဖြစ်ပါတယ်။

Lee Dong Wook ရဲ့ အေဂျင်စီ King Kong မှ ‘Gong Yoo ဟာ I want to talk show ရဲ့ ပထဆုံး guest အနေနဲ့ ပါဝင်သွားမှာဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့က ဂျယ်ဂျူကျွန်းမှာ နှစ်ယောက်သား ရိုက်ကူးရေးအတွက် တွေ့ဆုံခဲ့ကြတယ် ဆိုတဲ့အကြောင်း’ သတင်းထုတ်ပြန်ကြေညာထားပါတယ်။

I want to talk ရဲ့ ပထဆုံး အပိုင်းကိုတော့ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့၊ SBS ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ ဒါဟာ Goblin ဇာတ်လမ်းတွဲကို တမ်းတမ်းစွဲအားပေးလာကြတဲ့ ပရိတ်သတ်တွေအတွက် အထူးမဟာအခွင့်အရေးကြီးပါပဲ။ ဦးလေးကြီးနှစ်ယောက်ရဲ့ moments တွေကို ကြည့်ရှုဖို့ အတူတူ မျှော်လင့်စောင့်စားလိုက်ကြရအောင်။

Ref:allkpop

(ပိုပိုလေး)

 

 



Follow us on