
တောင်ကိုးရီးယား နာမည်ကြီး kpop အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် အရှေ့အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေအထိပါ ပေါက်မြောက်အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ Blackpink ကို YG entertainment ရဲ့ တက်သစ်စ girl group အဖြစ်ပွဲဦးထွက်လာဖို့ ကြေညာပြီးတဲ့အချိန်ကစလို့ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားအလေးထားမှုကိုရရှိခဲ့ပါတယ်။ ‘Ddu Du Ddu Du’သီချင်းထွက်ရှိပြီးနောက်မှာတော့ အနောက်နိုင်ငံတွေအထိ အောင်မြင်ကျော်ကြားသွားခဲ့တာဖြစ်ပါတယ်။

အောင်မြင်လာတာနဲ့အမျှ သူတို့လေးတွေရဲ့ personal life နဲ့ ငယ်ဘဝတုန်းက အကြောင်းအရာလေးတွေကို စိတ်ဝင်စားမှု များပြားလာပါတယ်။ Blackpink အဖွဲ့ဝင်တစ်ဦး တစ်ယောက်ချင်းစီရဲ့ ငယ်ဘဝ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပိုပိုလေးကနေ ဝေမျှပေးလိုက်ပါတယ်။
Jisoo


Jennie



Rose’



Lisa



Blackpink အဖွဲ့ဝင်တွေဟာ သာမန်ထက် ရုပ်ရည်ချောမောပြီးပြည့်စုံနေတာကြောင့် အများစုက ပလက်စတစ်ဆာဂျရီ (မျက်နှာခွဲစိတ်ပြုပြင်) တာမျိုးတွေ လုပ်ထားတယ်တာမျိုးတွေ ရှိလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် အခုလို ငယ်ဘဝက ဓာတ်ပုံတွေကို ကြည့်လိုက်တဲ့အခါ အခု ရုပ်ရည်နဲ့ ဘာမှ ကွာခြားသွားခြင်းမရှိတာကို တွေ့ရတာကြောင့် ဆာဂျရီ လုပ်ထားခြင်းမရှိဘူးဆိုတာ သိသာ ထင်ရှားသွားစေပါတယ်။

အခုတင်ဆက်ပေးသွားတာကတော့ Blackpink အဖွဲ့ဝင်တွေရဲ့ ငယ်ငယ် ကလေးဘဝတုန်းက ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ အချောလေးတွေကိုချစ်တယ်ဆိုရင် like &share လုပ်ဖို့လည်း မမေ့ပါနဲ့ဦးနော်။
Ref:allkpop
(ပိုပိုလေး)
comment