1. Home
  2. Movie Stars - Celebrity

လတ်တလော အင်စတာဂရမ်ပို့စ်မှာ အဖြူ၊အမဲ ကာလာနဲ့ အရမ်း မိမိုက်နေတဲ့ Joy

Movie Stars - Celebrity พ.ย. 13, 2562 view 1,524

တောင်ကိုးရီးယား နာမည်ကျော် Kpop အဆိုတော်အဖွဲ့ Red Velvet ဟာဆိုရင် အနောက်နိုင်ငံတွေမှာသာမက အရှေ့နိုင်ငံတွေအထိပါ အောင်မြင်ကျော်ကြားတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ အဖွဲ့ဝင် Joy ဟာဆိုရင် idol တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင် အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုကို အပြည့်အဝရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Joy ကို ချစ်ဖို့ကောင်းတဲ့ ကောင်မလေး Joy အနေနဲ့ ပရိတ်သတ် အသိများကြပါတယ်။ ဒီဓာတ်ပုံတွေမှာတော့ ချစ်ဖို့ကောင်းတယ်ဆိုတာထက် ဆွဲဆောင်မှုရှိလွန်းတဲ့ Joy , Sexy ကျလွန်းတဲ့ Joy ကို မျက်ဝါးထင်ထင်မြင်တွေ့နေရပါတယ်။

Joy ဟာ black&white (ဖြူမဲအရောင်) နဲ့ အင်မတန် တင့်တယ်နေတာကိုတွေ့ရပါတယ်။

ဆွဲဆောင်မှုရှိပြီး Sexy ကျကျနဲ့ အထာကျနေတဲ့ Joy ကို မြင်တွေ့ရတာ မကြွေကျဘဲ မနေနိုင်တော့ပါဘူး။

Ref:allkpop

(ပိုပိုလေး)

 



Follow us on