1. Home
  2. Boxing

မြန်မာပြည်မှာ မိသားစုနဲ့ အချေခြဖို့ စီစဉ်ထားတဲ့ အောင်လအန်ဆန်

Boxing พ.ย. 13, 2562 view 1,803

One Championship ရွှေခါးပတ်နှစ်ခုပိုင်ရှင် မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ အပါတ်က  မြန်မာပြည်ကို အလည်အပတ်ရောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့က ထိုးသတ်ခဲ့တဲ့ One Championship ပြိုင်ပွဲမှာ ဟဲဗီးဝိတ် ချန်ပီယံ ဘရန် ဗီရာကို အနိုင်ထိုးသတ်ခဲ့ပြီး လိုက်ဖ် ဟဲဗီးဝိတ် ချန်ပီယံဆုကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ မြန်မာပြည်ကိုရောက်တဲ့အချိန်မှာ မြန်မာ့ဩဘာက စီစဉ်တဲ့ နယ်ဒေသခံ တောင်သူတွေနဲ့ တွေ့ဆုံတဲ့ အစီအစဉ်တွေမှာပါဝင်ဆောက်ရွတ်နေတာဖြစ်ပါတယ်။ အရင်က အောင်လအန်ဆန်ဟာ အမေရိကန်နိုင်ငံသားအဖြစ်ကနေ မြန်မာနိုင်ငံသား ခံယူဖို့ကို သူ့အနေနဲ့ အစီအစဉ်မရှိသေးဘူးလို့ ဖြေကြားခဲ့ပေမယ့် ယခုအခေါက်မှာတော့ မြန်မာပြည်မှာ မိသားစုနဲ့ အချေခြဖို့ စီစဉ်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက် (၃၄)နှစ်အရွယ်ရှိ​ အောင်လအန်ဆန်ဟာ  One Championship ပြိုင်ပွဲမှာ နောက်ထပ်ထိုးသတ်ပွဲတွေ ထိုးသတ်နိုင်ဖို့ မျှော်လင့်နေပြီး လာမယ် ၂၀၂၀ မှာ လေးပွဲလောက် ထိုးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ လာမယ့်နှစ်မှာတော့ Middle Weight ကိုပဲ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ ဘရန် ဗီရာနဲ့ ထိုးသတ်တဲ့ပွဲမှာ လက်မအရိုးလွဲခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဒဏ်ရာလုံးဝပျောက်သွားရင် လေ့ကျင့်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး MMA နဲ့ပါတ်သတ်ပြီး ပညာတွေကိုလည်း သူများကို ပြန်သင်ပေးဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။



Follow us on