1. Home
  2. Special or Others

သတိပြုပါ! iPhone မှာ Facebook ဖွင့်ရင် သင်မသိပဲ ကင်မရာအလိုလိုပွင့်နေသည် (ရုပ်သံ)

Special or Others พ.ย. 14, 2562 view 1,646

ဒီဂျစ်တယ်ခေတ်မှာ ကိုယ့်အကြောင်းကို Facebook က ကိုယ့်ထက်ပိုသိနေတယ်ဆိုရင် ယုံနိုင်ပါ့မလား..? ဥပမာတစ်ခုပေးရရင် နှစ်တွေကြာလို့ ကိုယ်တိုင်တောင်မေ့နေပြီဖြစ်တဲ့ ကိစ္စတစ်ခုကို Facebook က မင်းဘယ်တုန်းက အဲဒီနေရာကို သွားခဲ့တာလေ အခုပြန်တင်ဦးမလားလို့ အမှတ်တရတွေအဖြစ် နိုတီတွေတက်လာတာ ကြုံဖူးကြပါမယ်၊ အဲဒီအခါကျမှ ဒီကိစ္စကို ပြန်မှတ်မိသွားတတ်ပါတယ်။ အွန်လိုင်းမှာ ကိုယ်ပြောဆို လုပ်ကိုင်သမျှတွေအားလုံးကို ဒေတာတွေအဖြစ် စက္ကန့်နဲ့အမျှ မှတ်တမ်းတင်ခံနေရတာကြောင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုတွေ နည်းပါးလာပါတယ်။ ကိုယ်မသိလိုက်ပဲနဲ့ ကိုယ်နဲ့ပက်သက်တာတွေကို နောက်ကွယ်မှာ ဘယ်လောက် မှတ်တမ်းတင်ထားဦးမလဲဆိုတာ ခန့်မှန်းလို့တောင် မရနိုင်ပါဘူး။

လက်တလောမှာ iPhone သုံးသူတွေ ကြုံနေရတဲ့ ပြဿနာကတော့ Facebook App ကို ဖွင့်လိုက်တာနဲ့ ပိုင်ရှင်ကိုယ်တိုင် မသိပဲ နောက်ကွယ်မှာ ဖုန်းရဲ့ ကျောဖက်ကင်မရာက အလိုလိုပွင့်လာတာဖြစ်ပါတယ်။ ဒီပြဿနာဟာ လုံခြုံရေး ရှုထောင့်ကကြည့်မယ်ဆိုရင် မကောင်းလှပါဘူး။ တွစ်တာပေါ်မှာ ဒီကိစ္စနဲ့ ပက်သက်ပြီး လက်တွေ့စမ်းပြတဲ့ ဗီဒီယိုတွေနဲ့အတူ ပြောဆိုဆွေးနွေးမှုတွေ ရှိနေပါတယ်။

iOS 13.2.2 တင်ထားတဲ့ iPhone တွေမှာ ဖြစ်နေပြီး မတူညီတဲ့ ဖုန်း ၅ လုံးကို စမ်းသပ်ကြည့်ရာမှာ ဒီပြဿနာကြုံနေရတယ်လို့ သိရပါတယ်။ iOS 12+ မှာတော့ ဒီပြဿနာရှိပုံမရပါဘူး။

Facebook ရကတော့ ဒါဟာ “bug problem” လို့ တုံ့ပြန်ပြောဆိုထားပါတယ်။ ဒါကြောင့် iOS 13+ အသုံးပြုသူတွေအနနဲ့ Facebook ဖွင့်တဲ့အခါ ဒီအချက်ကို သတိထားကြဖို့ ဖော်ပြလိုက်ရပါတယ်။

 



Follow us on