1. Home
  2. Movie Stars - Celebrity

အန္တရာယ်ရှိတယ်လို့ ခံစားမိတာကြောင့် အဖွဲ့ကနှုတ်ထွက်လိုက်ရတဲ့ Girl Idol တစ်ဦးရဲ့ ဖြစ်ရပ်

Movie Stars - Celebrity พ.ย. 18, 2562 view 1,668

တောင်ကိုးရီးယား Kpop idol Girl group တစ်ခုဖြစ်တဲ့ Brave Girls မှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ခဲ့ဖူးတဲ့ Yejin ဟာ သူမဘာလို့ idol အဆိုတော် ဘဝကို စွန့်လွှတ်လိုက်ရတယ်ဆိုတဲ့အကြောင်းကို လူမှုကွန်ယက် အင်တာနက်ကနေတစ်ဆင့် ပရိတ်သတ်ကို အသိပေးပြောပြလာပါတယ်။

Yejin ဟာ idol ဘဝကို စွန့်လွှတ်ပြီးနောက်ပိုင်း Youtube မှာ live stream တွေပြုလုပ်တဲ့ Youtuber တစ်ဦးအနေနဲ့ ဆက်လက်ရပ်တည်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ live stream မှာ Yejin က idol တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ သူမရဲ့ အခက်အခဲတွေအကြောင်း ပြောပြလာပါတယ်။

Yejin က သူ brave girls မှာ idol တစ်ယောက်အဖြစ် ရပ်တည်ခဲ့တုန်းက မန်နေဂျာနဲ့ အချိုးမပြေလှတဲ့ ကုမ္ပဏီကြောင့် အဆိုတော် အလုပ်ကို စွန့်လွှတ်လိုက်ရတယ်လို့ ပြောပြလာပါတယ်။ Brave Girls မန်နေဂျာဟာ ကား စတီယာရင်ပေါ်မှာ ဖုန်းတင်ပြီး ဂိမ်းဆော့နေရင်း ကားမောင်းနေတာကို မြင်တွေ့ပြီး သူမအနေနဲ့ ထိတ်လန့်ခဲ့ရတယ် ဆိုပြီးပြောပြလာပါတယ်။ ဒါတင်မက မန်နေဂျာဟာ သူ့ခြေထောက် တစ်ဖက်ကို dashboard ပေါ် တင်ပြီး မောင်းနှင်နေတာကို ဗွီဒီယိုနှင့်တကွ Yejin က ရှင်းပြထားပါတယ်။

ရိုင်းပြလွန်းတဲ့ မန်နေဂျာရဲ့ အပြုအမူတွေကို သည်းမခံနိုင်တာကြောင့် Yejin က ဒီ ဗွီဒီယိုကို မိဘတွေဆီပို့ခဲ့ပါတယ်။ Yejin မိဘတွေ သိသွားပြီးနောက်ပိုင်း Yejin ရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်တာကြောင့် ကုမ္ပဏီပိုင်ရှင်သူ‌ဌေးကို မန်နေဂျာအသစ်လဲပေးဖို့ တောင်းဆိုခဲ့ပေမဲ့ သူဌေးက Yejin မိဘတွေကို ‘ခင်ဗျားတို့ အပူမပါဘူး’ ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့တာကြောင့် မိဘတွေအနေနဲ့ စိတ်ဆိုးပြီး အဖွဲ့ကထွက်ခိုင်းခဲ့တာပါလို့ ပြောပြသွားပါတယ်။ Yejin ကိုယ်တိုင်ကလည်း ဒီအခြေအနေနဲ့ ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တာကြောင့် ထွက်ဖြစ်ခဲ့တယ် ဆိုပြီး ပြောပြသွားပါတယ်။

Idol အဆိုတော် တွေရဲ့ဘဝဟာ သူစာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီ၊ မန်နေဂျာ နဲ့ ဝန်ထမ်းတွေအပေါ်မှာ မူတည်နေတာကြောင့် အသက်အန္တရာယ်နဲ့ ပတ်သတ်တဲ့ ကိစ္စမျိုးမှာ သူ့အနေနဲ့ နှုတ်ထွက်လိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ ယူဆမိပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 



Follow us on