မော်ဒယ်၊ သရုပ်ဆောင် ချမ်းမင်းရဲထွဋ်ဟာဆိုရင် လူငယ်မိန်းကလေး ပရိတ်သတ် အသည်းစွဲဖြစ်နေရတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။
ချမ်းမင်းရဲထွဋ်ဟာ လတ်တလော လူမှုကွန်ယက် ဖေ့ဘွတ်ခ်ကနေပြီး သူ့နာမည်နဲ့ ဓာတ်ပုံကို အလွဲသုံးစားလုပ်ကာ ပိုက်ဆံလိမ်တောင်းနေတဲ့ လူတစ်ယောက်အကြောင်း ထုတ်ဖော်ပြောပြလာပါတယ်။ အဆိုပါ အကောင့်တုနဲ့ ပုဂ္ဂိုလ်ဟာ ချမ်းမင်းရဲထွဋ်နာမည်နဲ့ ပရိတ်သတ် မိန်းကလေးတွေကို video call တွေ ဆက်တိုက်ခေါ်နေတယ်၊ ပြီးတော့ ပရိတ်သတ်တွေဆီကနေ ငွေလိမ်တောင်းနေတာကြောင့် နောက်ဆုံးမှာ လက်ပိုက်ကြည့်မနေနိုင်တဲ့ ပရိတ်သတ်တွေက ချမ်းမင်းရဲထွဋ်နာမည်ပျက်မှာ စိုးရိမ်တဲ့အတွက် သူ့ official account ကို မက်ဆေ့ချ်ပို့ပြီး ပြောပြလာတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး messenger မှာ ပရိတ်သတ်တွေလာပြောထားတဲ့ screen shots တွေနဲ့အတူ
အကောင့်တုဖွင့်ပြီး ဟန်ဆောင်နေတာတော့ ကိစ္စမရှိပေမယ့် ငွေလိမ်တာ၊ မိန်းကလေး ပရိတ်သတ်တွေကို video call လိုက်ခေါ်တာ ၊ အလုပ်ကိစ္စတွေ အထိဝင်ရောက်နှောင့်ယှက်တာမျိုးကတော့ လက်သင့်မခံနိုင်လောက်တဲ့ ကိစ္စရပ်မျိုးဖြစ်တာကြောင့် ချမ်းမင်းရဲထွဋ်အနေနဲ့ ဒေါသထွက်လည်း ထွက်ချင်စရာပါပဲ။ ဒီလို အရှုပ်အရှင်းကိစ္စတွေရန်ကနေ အမြန်ဆုံးကင်းဝေးနိုင်ပါစေလို့ ပိုပိုလေးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ref:Cham Min Ye Htut
(ပိုပိုလေး)