1. Home
  2. Movie Stars - Celebrity

MasterChef Myanmar WINNER ဆုကို သူငယ်ချင်းတွေအတွက် ‘အာကာ’ အရယူ

Movie Stars - Celebrity พ.ย. 25, 2562 view 3,448

လပေါင်းအတော်ကြာ စိတ်ရောကိုယ်ပါ အားစိုက်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ယှဉ်ပြိုင်ခဲ့ရတဲ့ MasterChef Myanmar Season 2 ရဲ့ ခရီးလမ်းကတော့ မနေ့ကပြီးဆုံးသွားခဲ့ပါပြီ။ Season 2 ရဲ့ WINNER အဖြစ် ပြိုင်ပွဲဝင် ‘အာကာ’ က ထိုက်တန်စွာ ရရှိသွားခဲ့ပြီး သူပြောထားခဲ့တဲ့အတိုင်း ပြိုင်ဘက်ဖြစ်တဲ့ ‘နေအောင်’ ကို အနိုင်ယူကျော်တက်ကာ သူ့သူငယ်ချင်းတွေအတွက် ရှုံးကြွေးဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မနေ့ညက Final ပွဲမှာတော့ မြန်မာအစားအသောက်တွေကို ကမ္ဘာကသိအောင် Course by course အနေနဲ့ ဟင်းပွဲ ၅ မျိုးကို ယှဉ်ပြိုင်ခဲ့ကြရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ သိသာတဲ့ အားသာချက်တစ်မျိုးစီ ရှိကြတယ်ဆိုတာကို ဒိုင်လူကြီးတွေအားလုံး သိထားကြပါတယ်။ ‘နေအောင်’ က အရသာပိုင်းမှာ ထူးခြားကောင်းမွန်ပြီး ‘အာကာ’ကတော့ ဟင်းပွဲအလှဆင်တဲ့အပိုင်းမှာ ပန်ချီဆရာတစ်ယောက်လို ချယ်မှုန်းနိုင်တာကို တွေ့ရပါတယ်။

Final ဟင်းပွဲတွေ ချက်ပြုတ်ခဲ့ရာမှာ ‘အာကာ’ က အေးဆေးတည်ငြိမ်စွာယှဉ်ပြိုင်ခဲ့ပြီး ‘နေအောင်’ ကတော့ စိတ်လှုပ်ရှားမှုတွေနဲ့ ချက်ပြုတ်နေခဲ့ပါတယ်။ အဲဒီအတွက် ဟင်းပွဲအချို့မှာ လိုအပ်ချက်တွေနဲ့ လစ်ဟာမှုတွေဖြစ်ခဲ့ပါတယ်။ ‘အာကာ’ ကတော့ ဟင်းပွဲ ၅ ပွဲစလုံးကို အမှားအယွင်းမရှိ ပြင်ဆင်ချက်ပြုတ်နိုင်ခဲ့တာကြောင့် ဟင်းပွဲအပြင်အဆင်တွေကလည်း လှပသလို အရသာတွေကလည်း အရမ်းထူးခြားနေတာကြောင့် ဒိုင်လူကြီး ဒေါ်ဖြူဖြူတင် ကတောင် ချက်ပြုတ်ပြင်ဆင်နည်းလေး ပြောပြဖို့ တောင်းခဲ့ရပါတယ်။

Season 2 မှာ ‘အာကာ’ Winner ရရှိခဲ့တဲ့အပေါ် စောစီးစွာ ထွက်ခွာသွားခဲ့ရတဲ့ အခြားပြိုင်ပွဲဝင်တွေ အားလုံးက ထိုက်တန်တယ်လို့ မှတ်ချက်တွေပေးခဲ့ကြပေမယ့် ‘နိုင်ဇော်’ ကတော့ ‘အာကာ’ နဲ့သူရဲ့ လက်ရည်ဟာ တူကောင်းတူနေနိုင်ပြီး ဒိုင်တွေက သူ့ကို ဖြုတ်ချခဲ့တဲ့အပေါ် အခုချိန်ထိ အဖြေရှာလို့ မရသေးဖူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူတစ်ကယ် Winner ဖြစ်စေချင်တာက ‘နေအောင်’ လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

MasterChef ရဲ့ Season 3 မှာ ဘယ်လို ပြိုင်ပွဲဝင်တွေ ထပ်မံဝင်ရောက် ယှဉ်ပြိုင်လာကြဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုရပါဦးမည်။



Follow us on