1. Home
  2. Movie Stars - Celebrity

ကင်ဆာရောဂါဆေးကုသမှုခံယူပြီးနောက် ပထမဆုံး Fan Meeting ပြုလုပ်သွားမယ့် Kim Woo Bin

Movie Stars - Celebrity พ.ย. 27, 2562 view 1,530

သရုပ်ဆောင် Kim Woo Bin ဟာ ကင်ဆာရောဂါဝေဒနာကြောင့် (၃) နှစ်နီးပါး ဆေးကုသမှုခံယူပြီး နေကောင်းကျန်းမာသွားပြီဖြစ်လို့ မကြာခင် ပရိသတ်ရှေ့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပြန်လည်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့မှာ Kim Woo Bin အေဂျင်စီ SidusHQ မှ ကြေညာချက်တစ်ခု ထုတ်ပြန်လာပါတယ်။

‘Kim Woo Bin တစ်ယောက် နေကောင်းကျန်းမာစွာ ပရိတ်သတ်ရှေ့ ပြန်လည်ရောက်ရှိလာတဲ့ အထိမ်းအမှတ်အနေနဲ့ 2019 Kim Woo Bin – Thank You ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဒီဇင်ဘာလ ၈ ရက် SMTOWN ပြဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ၃ နှစ်ဆိုတဲ့ အချိန်အတောအတွင်း လက်တွဲမဖြုတ်ဘဲ အတူရှိနေပေးခဲ့တဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီပွဲလေးကို ကျင်းပပြုလုပ်ဖြစ်သွားတာပါ’

ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Kim Woo Bin ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကြိမ် (၄၀) မြောက် Blue Dragon Film Awards ကို presenter တစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ပါတယ်။ ကင်ဆာရောဂါ ဆေးကုသမှုခံယူပြီး ပရိတ်သတ်ရှေ့ ပြန်လည်ရောက်ရှိလာတဲ့ Kim Woo Bin ကို အနုပညာအသိုင်းအဝိုင်းက စီနီယာတွေ၊ ဂျူနီယာတွေ မိတ်ဆွေသူငယ်ချင်းတွေက လက်ခုပ်ဩဘာပေးပြီး သောင်းသောင်းဖြဖြအားပေး ကြိုဆိုခဲ့ကြပါတယ်။

အားလုံးရဲ့ ဆုတောင်းမေတ္တာပို့သမှုတွေကြောင့် Kim Woo Bin ကင်ဆာဆိုတဲ့ ရောဂါ ကပ်ဆိုးကြီးကနေ လွတ်မြောက်နိုင်ခဲ့တာပါ။ နောင်နှစ် နောင်နှစ်တွေမှာလည်း နေကောင်းကျန်းမာပြီး ချစ်ရတဲ့ ချစ်သူ Shin Min Ah နဲ့အတူ သာယာဖြောင့်ဖြူးလှတဲ့ ဘဝလမ်းခရီးကိုလျှောက်လှမ်းနိုင်ပါစေလို့ ဒီနေရာကနေပဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Ref:allkpop

(ပိုပိုလေး)

 

 



Follow us on