1. Home
  2. Special or Others

အပျို မစစ်တော့လို့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်ခွင့်မရတဲ့ ကျွမ်းဘားမယ်

Special or Others ธ.ค. 02, 2562 view 2,008

လက်ရှိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ SEA Games မှာ ကျွမ်းဘားအားကစားနည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြုအသင်းမှ ကျွမ်းဘားမယ် တစ်ဦးဟာ အပျိုအစစ်မဟုတ်ဘူးလို့ စွပ်စွဲခံခဲ့ရပြီးနောက် နိုင်ငံအသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

အသက် ၁၇ နှစ်အရွယ် Shalfa Avrila Sania ဟာ အသက် ၈ နှစ်အရွယ်ကတည်းကနေ ကျွမ်းဘားကစားလာခဲ့တဲ့ မိန်းကလေးဖြစ်ပါတယ်။ ဆီးဂိမ်းမှာ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားခဲ့ရပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ လလယ်လောက်မှာ သူမရဲ့ အသင်းနည်းပြဖြစ်သူက သူမဟာ အပျိုမစစ်တော့ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ အသင်းကနေ ရုတ်တရက်ထုတ်ပစ်ခဲ့ပါတယ်။

Shalfa ရဲ့မိသားစုဝင်တွေက ဒီလုပ်ရပ်အပေါ် သူတို့သမီးရဲ့ ဂုဏ်သိက္ခာနဲ့ စွန်းထင်းခဲ့မှုအတွက် မကျေမနပ်ဖြစ်ကာ အပျိုစစ်သေးကြောင်း ဆေးစာအထောက်အထားတွေနဲ့တကွ အင်ဒိုနီးရှား လူငယ်နဲ့အားကစား ဝန်ကြီးဌါနကို တိုင်ကြားခဲ့ပါတယ်။

ဝန်ကြီးဌါနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Gatot S. Dewa Broto က Shalfa ကို အသင်းကနေ ထုတ်ပယ်ရတဲ့ အကြောင်းရင်းက သူမရဲ့ စွမ်းဆောင်ရည်နဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာလေးတွေကြောင့် ဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း နည်းပြဖြစ်သူက အမှားလုပ်ခဲ့တဲ့အပေါ်မှာလည်း ငြင်းဆိုခဲ့ခြင်းမရှိပါဘူး။

Gatot S. Dewa Broto

ကျွန်တော်တို့အနေနဲ့ ဒိကိစ္စကို တိတိကျကျ ဆောင်ရွက်မှာပါ ကစားသမားကို အပျိုဖြစ်မှု မဖြစ်မှုဟာ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ ဘယ်လိုမှ မပက်သက်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

Shalfa ရဲ့ မိခင်က နည်းပြကို ဘာကြောင့် အခုလို စွပ်စွဲရတာလဲလို့ မေးမြန်းတဲ့အပေါ် နည်းပြက Shalfa ဟာ ယောကျ်ားလေး သူငယ်ချင်းတွေနဲ့အတူ ညဘက်တွေအပြင်ထွက်တတ်တဲ့အတွက် ဒါကိုကြည့်ခြင်းအားဖြင့် အပျိုမစစ်တော့ဘူးလို့ သိနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

Shalfa ဟာ အသက် ၈ နှစ်အရွယ်ကတည်းက ကျွမ်းဘားကစားခဲ့ပြီး အခုချိန်ထိ ဆုတံဆိပ်ပေါင်း ၅၀ နီးပါးကို ဆွတ်ခူးရရှိထားတဲ့ နိုင်ငံ့လက်ရွေးစင် အားကစားသမားတစ်ဦး ဖြစ်ကြောင်း အင်ဒိုနီးရှား သတင်းမီဒီယာ iNews မှာ ဖော်ပြထားသည်။



Follow us on