1. Home
  2. Boxing

ONE CHAMPIONSHIP ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မယ့် ထီရယ်လ်ထန် (Dragon leg)

Boxing ธ.ค. 04, 2562 view 1,802

ဒီဇင်ဘာလ (၆) ရက်နေ့တွင် ကျင်းပမည့် ONE CHAMPIONSHIP:MARK OF GREATNESS ပြိုင်ပွဲမှာ ချင်းအမျိုးသား ထီရယ်လ်ထန် (Dragon leg) က မြန်မာကိုယ်စားပြုပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဆိုပါပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာကိုယ်စားပြုယှဉ်ပြိုင်ထိုးသတ်မယ့် ထီရယ်လ်ထန်ကို ယုံကြည်မှုရှိရှိနဲ့ နိုင်ပွဲရယူနိုင်လိမ့်လို့ မျှော်လင့်ထားကြောင်း မယ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်က ပြောကြားခဲ့ပါတယ်။

အောင်လအန်ဆန်က ‘ ထီရယ်လ်ထန်နဲ့ ပတ်သတ်ပြီး အများကြီး အားရကျေနပ်မှုရှိပါတယ်။ အကောင်းဆုံးပြင်ဆင်ထားတယ်လို့လည်း သိရတယ်။ ထိုးသတ်ပွဲတွေများလာတဲ့နဲ့အမျှ အတွေ့အကြုံပိုရှိလာမှာဖြစ်ပါတယ်။ ထီရယ်လ်ထန်နဲ့ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ကစားသမားဟာ နပန်းနဲ့ Stand Fight က ပိုကောင်းတယ်လို့ သိထားရပါတယ်။ ဒါပေမယ့် အနိုင်ရဖို့ မျှော်လင့်ထားပါတယ် ’ လို့ ပြောကြားခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ထီရယ်လ်ထန် (Dragon leg) ကို အားပေးဖို့အတွက် မလေးရှားကို ရောက်ရှိနေတာဖြစ်ပြီး ကွာလာလမ်ပူမြို့တွင်လည်း သူကိုအားပေးတဲ့ ပရိတ်သတ်တွေနဲ့ Fan Meeting ကို ယနေ့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထီရယ်လ်ထန်က ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုနဲ့ ပါတ်သတ်ပြီး ‘ ကျတော် ဒီပွဲအတွက် အများကြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားပါတယ်။ မိသားစုနဲ့ခွဲပြီး ဖလောရီဒါမှာ ကိုအောင်လနဲ့ အတူလေ့ကျင့်ခဲ့ပါတယ်။ ကမ္ဘာချန်ပီယံတစ်ဦးနဲ့ လေ့ကျင့်ရတဲ့အတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံအတွက်ရော ၊ ကျွန်တော်မိသားစုအတွက်ရော အကောင်ဆုံး ကြိုးစားခဲ့ပါမယ့်လို့ ပြောကြားခဲ့ပါတယ်။ ’

ထီရယ်လ်ထန်နဲ့ ကစားမည့် ပြိုင်ဘက်ကစားသမားဟာ တောင်ကိုရီးယားနိုင်ငံသား Kim Woon Kyoum ဖြစ်ပါတယ်။ ယခုထိုးသတ်မယ်ပွဲဟာ ထီရယ်လ်ထန်အတွက် ONE CHAMPIONSHIP ပြိုင်ပွဲမှာ ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး ပထမပွဲစဉ်တွင် ကမ္ဘောဒီးယား ကစားသမား  Rin Saroth နှင့် ရန်ကုန်မြို့တွင်ရင်ဆိုင်ခဲ့ရာ အမှတ်ဖြင့်အနိုင်ရခဲ့ပါတယ်။

မြန်မာကိုယ်စားပြုယှဉ်ပြိုင်မယ့် ထီရယ်လ်ထန် အောင်မြင်ပါစေ

 

 

 



Follow us on