1. Home
  2. Movie Stars - Celebrity

ခြောက်ခြားစရာတွေ ပြည့်နှက်နေတဲ့ “The Sacred Riana:Beginning”

Movie Stars - Celebrity ธ.ค. 19, 2562 view 1,631

၂၀၁၇ ခုနှစ် Asia’s Got Talent ပြိုင်ပွဲမှာ စတူဒီယိုထဲက ပရိသတ်တွေနဲ့ ဒိုင်လူကြီးတွေ အားလုံးကိုသာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေကို အဆင့်တိုင်းမှာ ခြောက်ခြားစရာ၊ မယုံကြည်နိုင်စရာ စဉ်းစားလို့မရနိုင်လောက်အောင် မှော်ဆန်တဲ့ ပြကွက်တွေနဲ့ ပြသခဲ့ပြီး WINNER ဖြစ်သွားခဲ့တဲ့ ပြိုင်ပွဲဝင် မိန်းကလေး “The Sacred Riana” ကို မှတ်မိကြဦးမယ်ထင်ပါတယ်။

မျက်နှာတစ်ခြမ်းကို ကွယ်နေတဲ့ ဆံပင်တွေအောက်မှာ စူးရဲတဲ့မျက်လုံးတွေက တော်ရုံတန်ရုံလူ သူမနဲ့အပြိုင် မကြည့်နိုင်ပါဘူး။ လက်ထဲမှာ မိန်းကလေးအရုပ်လေး အမြဲကိုင်ထားပြီး ဒီအရုပ်လေးဟာ သူမရဲ့အဆောင် သူငယ်ချင်းဆိုရင် မမှားပါဘူး။

“Riana”က အင်ဒိုနီးရှားနိုင်ငံသူဖြစ်ပြီး ပရိသတ်တွေရဲ့ရှေ့မှောက်မှာ ဒီနေ့ဒီအချိန်ထိ သူမကို သာမန်မိန်းကလေးတစ်ယောက်လို ရယ်ရယ်မောမောပြောပြေဆိုဆို နေတာမျိုး မတွေ့ဘူးသေးတဲ့အတွက် လျှို့ဝှက်စွာနေတတ်တဲ့သူမရဲ့ဘဝကို ပိုပြီးစိတ်ဝင်တစား သိချင်နေကြပါတယ်။

အခုတော့ သူမရဲ့အကြောင်းတွေကို ပရိသတ်တွေ ပိုပြီးသိနိုင်မယ့် အခွင့်အရေးတစ်ခုရှိလာပါပြီ။ အင်ဒိုနီးရှားနိုင်ငံက ဒါရိုက်တာဘီလီခရစ္စတန်(Billy Christian) က “The Sacred Riana:Beginning” ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ခုနှစ်ကတည်းက ပုံဖော်ရိုက်ကူးခဲ့ပြီး ဒီကားမှာ “Riana” ကိုယ်တိုင် ပါဝင်ထားပါတယ်။ ဒါရိုက်တာဘီလီက “Riana” နဲ့ ပက်သက်ပြီး ရိုက်ကူးရေးတစ်လျှောက်လုံးမှာ သူမဟာ စကားအင်မတန် ပြောခဲလွန်းသူဖြစ်ကြောင်း ဒါပေမယ့် ဒါရိုက်တာပြောသမျှကို သဘောပေါက်နားလည်ပြီး လိုက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ “Riana” နဲ့ တွဲရိုက်ရတာ အစပိုင်းမှာ တစ်မျိုးကြီးဖြစ်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အတူတူအကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“The Sacred Riana:Beginning” ရုပ်ရှင်ကို လာမယ့် ၂၀၂၀ မတ်လ ၁၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံမှာ ပထမဦးဆုံး ရုံတင်နိုင်အောင်ကြိုးစားနေပြီး အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ဘာသာစကားတူတဲ့ မလေးရှားနိုင်ငံမှာလည်း ပြသသွားမှာဖြစ်ကြောင်း သိရသည်။



Follow us on