အသက် (၂၇)နှစ်အရွယ်ရှိ ပေါ့ပ်စတားရီဟားနားနှင့် ထရာ ဗစ်စကော့တ်တို့ကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရားဝင်ချိန်းတွေ့ နေပြီး မကြာခဏပူးတွဲတွေ့ရှိခဲ့သည်ဟု မီဒီယာများကဖော်ပြသည်။ ‘‘ထရာဗစ်နဲ့ ရီဟားနားတို့တရားဝင်ချိန်းတွေ့နေကြတယ်။ သူတို့တွေ့တာက တကယ့်ကိုအလေးအနက်ဖြစ်နေပါတယ်’’ ဟု သတင်းရင်းမြစ်တစ်ခုကလဲ ပြောကြားခဲ့ပါသေးတယ် ။စက်တင်ဘာ ၁၁ ရက်နေ့ တွင်ပြုလုပ်သော နယူးယောက် ဖက်ရှင်သီတင်းပတ်ပါတီပွဲတစ်ပွဲ ၌ ရီဟားနားနှင့် အသက် (၂၃) နှစ်အရွယ် ထရာဗစ်စကော့ထ်တို့ အကြင်နာပေးနေစဉ် မီဒီယာများက ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့ပြီးနောက် ၂ ရက်ခန့်အကြာ၎င်းတို့တရားဝင်ချိန်းတွေ့နေ သည်ဟူသော သတင်းထွက်ရှိ လာခြင်းဖြစ်သည်။၎င်းတို့နှစ်ဦးကို ပါတီပွဲအချို့ ၌ တွေ့မြင်ရသည့်အပြင် ရီဟား နားသည် ထရာဗစ်၏ဖျော်ဖြေပွဲသို့ လည်း သွားရောက်အားပေးခဲ့ သည်။ ပြီးခဲ့သည့် မတ်လကထွက်ရှိခဲ့သော ရီဟားနား၏ Bitch Better Have My Moneyသီချင်းကို ထရာဗစ်စကော့ထ်ကလည်း ပူးပေါင်းရေးစပ်ပြီး ပူးတွဲထုတ်လုပ်ခဲ့တယ်လို့လဲသိရပါတယ် ။