1. Home
  2. Boxing

‘အောင်လအန်ဆန်’ ကို MMA ဖိုက်တာတွေ ပယ်ပယ်နယ်နယ် ဝိုင်းထိုးနေတဲ့ ရုပ်သံ

Boxing ม.ค. 15, 2563 view 48,830

‘အောင်လအန်ဆန်’ ကို မြန်မာစပါးအုံး ဘွဲ့ကနေ မြန်မာအိုင်းရွန်းမန်း(Myanmar Iron Man) လို့ ပြောင်းခေါ်ရမလိုဖြစ်နေပါပြီ။ ကမ္ဘာ့အဆင့်မီ MMA ဖိုက်တာတွေ ဝိုင်းထိုးနေတာကို ပြုံးပြုံးလေး တောင့်ခံပြနေတဲ့ ရုပ်သံက အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

 ‘အောင်လအန်ဆန်’ က သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို စမ်းသပ်တဲ့အနေနဲ့ စိန်ခေါ်မှု တစ်ခု လုပ်ပြခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ MMA ဖိုက်တာ ၄ ယောက်ကို တန်းစီခိုင်းပြီး မင်းတို့ ထိုးနိုင်သလောက် ပြင်းပြင်းထိုးကွာဆိုပြီး သူ့ရဲ့ခန္ဓာကိုယ် ကြံခိုင်မှုကို စမ်းသပ်လိုက်ပါတယ်။ MMA ကစားသမားတွေက နောက်နေတယ်လို့ ထင်ခဲ့ပေမယ့် တစ်ကယ်ထိုးခိုင်းတဲ့အခါ အံ့သြကုန်ပါတယ်။

လေ့ကျင့်ဖော်ခြင်းဖြစ်လို့ ထိုးရမှာကို အားနာပေမယ့် ‘အောင်လအန်ဆန်’ က ထိုးစမ်းပါလို့ ပြောယူရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ 'အောင်လအန်ဆန်' ဟာ အချက်ပေါင်းများစွာ ထိုးခံနေရတာတောင် တစက်မှ အပြုံးမပျက်ခဲ့တာကြောင့် အခြား MMA ဖိုက်တာတွေက လေးစားရတဲ့ထိ ဖြစ်ခဲ့ပါတယ်။

‘အောင်လအန်ဆန်’ တင်ထားတဲ့ ရုပ်သံမှာ သူ့ခန္ဓာကိုယ် ဗိုက်သားကို အဝတ်တစ်ခု ပတ်ထားပြီး MMA ဖိုက်တာတွေကို တန်းစီကာ ထိုးခိုင်းခဲ့တာဖြစ်ပါတယ်။ ဒါဟာသူ့ရဲ့ ခန္ဓာကိုယ်ကြံခိုင်မှုကို စမ်းသပ်စိန်ခေါ်တဲ့ လှုပ်ရှားမှုလေးဖြစ်ပြီး ပါဝင်ကူညီခဲ့သူတွေကို ကျေးဇူးတင်ကြောင်း ‘အောင်လအန်ဆန်’ က လူမှုကွန်ယက်ပေါ်ကနေ ဖော်ပြခဲ့ပါတယ်။

ကချင်လူမျိုး ‘အောင်လအန်ဆန်’ ဟာ လက်တလောမှာ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး MMA ကစားသမားဆုကို ဆွတ်ခူးရရှိထားသူလည်းဖြစ်ပါတယ်။



Follow us on