1. Home
  2. Movie Stars - Celebrity

နီပေါနိုင်ငံရဲ့ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ သရုပ်ဆောင်ယွန်းယွန်း

Movie Stars - Celebrity ม.ค. 15, 2563 view 1,831

အနုပညာလောကထဲမှာ ကလေးဘ၀ထဲက စတင်ကျင်လည်ခဲ့တဲ့ သရုပ်ဆောင်ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်ဘ၀ထဲက လူချစ်လူခင်ပေါများခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့တာပါ။ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် ချစ်စရာကောင်းတဲ့ကလေးမလေးအဖြစ်ကနေ ပန်းကလေးတစ်ပွင့်လို ဖူးငုံသွေးကြွယ်အလှတွေဝေဆာနေတဲ့ ချောမောလှပတဲ့ကောင်မလေးအဖြစ် ပြောင်းလဲသွားပြီး ဆယ်ကျော်သက်လူငယ်တွေကြားမှာတော့ ရင်ခုန်ချင်စရာကောင်မလေးအဖြစ် တည်ရှိနေတာပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေကိုကြိုးစားလုပ်ခဲ့လို့ အကယ်ဒမီဆုကိုပါရရှိပိုင်ဆိုင်ထားတဲ့ ယွန်းယွန်းဟာ အရွယ်ရောက်လာချိန်မှာတော့ တစ်ဖက်မှာပညာရေးအတွက် ကျောင်းတက်နေရပေမယ့် တစ်ဖက်မှာလဲ အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်ကိုင်နေကာ ဘယ်အရာကိုမှမလစ်ဟင်းအောင် ကြိုးစားဆောင်ရွက်နေသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ယွန်းယွန်းက သူမအတွက်ဂုဏ်ယူစရာကောင်းတဲ့ သတင်းလေးတစ်ခုကို ပရိသတ်တွေဆီကို မျှဝေထားတာတွေ့ရပါတယ်။

အဲ့တာကတော့ သရုပ်ဆောင်ယွန်းယွန်းဟာ ၂၀၂၀ ခုနှစ်အတွက် နီပေါနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၄) ရက်နေ့မှာ ယွန်းယွန်းကို နီပေါခရီးသွားသံတမန်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင်က ခန့်အပ်လွှာကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယွန်းယွန်းဟာ နီပေါသံအမတ်နဲ့ ဇနီးဖြစ်သူတို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစကားပြောခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ယခုလို ခရီးသွားသံတမန်အဖြစ်ခန့်အပ်ခံရတဲ့အတွက် သူမအနေနဲ့ အရမ်းကိုပီတိဖြစ်ကာ ဝမ်းသာဂုဏ်ယူရကြောင်းကို “Nepal နိုင်ငံရဲ့ Visit Nepal Year 2020 အတွက် Tourism Goodwill Ambassador အဖြစ်ခန့်အပ်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်ရှင့်” ဆိုပြီးရေးသားကာ အမှတ်တရပုံရိပ်တွေကိုလဲ တင်ထားခဲ့ပါတယ်။

ယွန်းယွန်းရဲ့နီပေါနိုင်ငံရဲ့ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ယွန်းယွန်းအတွက် ဝမ်းသားဂုဏ်ယူမိသလို ယွန်းယွန်းရဲ့ပုံရိပ်တွေကိုလဲ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်…

 

(ပိုပိုလေး)



Follow us on