1. Home
  2. Movie Stars - Celebrity

ပရိသတ်တွေ အကြိုက်မတွေ့ရင်လည်း Sorry ပါ ဆိုတဲ့ ဇင်အောင်

Movie Stars - Celebrity ม.ค. 21, 2563 view 1,619

၂၀၁၉ ခုနှစ်မှာ ပရိသတ်တွေ ပွဲအဆူဆုံး အအောင်မြင်ဆုံးရုပ်သံအစီစဉ်တွေထဲမှာ MasterChef Myanmar နဲ့ The Model Academy အစီစဉ်တို့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒိုင်လူကြီးတွေရဲ့ ပြိုင်ပွဲဝင်တွေအပေါ် သုံးသပ်ချက် ကွန်မန့်တွေက ပရိသတ်တွေ ကြားနေကြ ပြောပုံဆိုပုံတွေ မဟုတ်တဲ့အတွက် ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ဒီအစီစဉ်တွေကို ပရိသတ်တွေ အာရုံစိုက်ခံရမှု ပိုမိုရရှိခဲ့ပါတယ်။

ဒီအစီစဉ်တွေနဲ့ပက်သက်လို့ ဖြတ်သန်းခဲ့ရတဲ့ ပွဲအတွေ့အကြုံတွေကို ပြီးခဲ့တဲ့ သောကြာနေ့ညက “Let’s Talk” အစီအစဉ်မှာ ကိုဇင်အောင် က Host အဖြစ် ဆောင်ရွက်ပြီး ဦးရှာကီ၊ ဒေါ်ဖြူဖြူတင်၊ မသန္တာလှိုင် နဲ့ ရှပ်ဖ်ရောမ လို့ခေါ်ကြတဲ့ (Jean Marc Lemmery) တို့ကို ဖိတ်ခေါ်ပြီး မေးမြန်းပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

MasterChef Myanmar ရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ ဦးရှာကီ က MasterChef အစီစဉ်နဲ့ ပက်သက်ပြီး “အချစ်က အမုန်းက စခဲ့တာ၊ အမုန်းခံရဲမှ လွှမ်းမိုးနိုင်မှာ လူတိုင်းချစ်အောင်လုပ်ရင် အစီစဉ်တွေက အောင်မြင်မှာ မဟုတ်ဘူးလို့” ပြောခဲ့ပါတယ်။ အဲဒီအပေါ်မှာ ကိုဇင်အောင်က သူနဲ့ခံယူချက်ခြင်းတူတယ်လို့ ဖြည့်စွက် ပြောခဲ့ပါတယ်။ MasterChef မှာ လွယ်ကူတဲ့နေ့ဆိုတာ မရှိသလို The Model Academy အစီစဉ်လည်း အလားတူဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

Let’s Talk နဲ့ The Model Academy အစီစဉ်တို့ရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်တဲ့ ကိုဇင်အောင်က သူ့အနေနဲ့ ပြိုင်ပွဲဝင်တွေနဲ့ အစီစဉ်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အရာကသာ အရေးကြီးတဲ့အတွက် ကျန်တဲ့အရာတွေကို သိပ်ပြီးဂရုစိုက်လေ့မရှိဘူးလို့ သူ့ရဲ့ ခံယူချက်ကို ပြန်လှန်ပြောပြသွားခဲ့ပါတယ်။

ဒီအစီစဉ်တွေမှာလည်း ဒိုင်လူကြီးတွေရဲ့ ရင်ထဲက ခံစားချက်အချိုဟာ ပရိသတ်တွေနဲ့ ကိုက်ညီမှုမရှိဘူးခဲ့ဆိုရင် Sorry ပါလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင်၂၀၂၀ မှာ MRTV-4 ရုပ်သံလိုင်းကနေ ဆက်ကလက် တင်ဆက်သွားမယ့် Master Chef Myanmar နဲ့ The Model Academy တွေမှာ ဒိုင်တွေက ဒီထက်ပိုပြီးတော့ ကွန်မန့်အမိုက်စားတွေ လာပါမယ်၊ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ Career အတိုင်း လုပ်စရာရှိတဲ့အလုပ်ကို ဆက်လုပ်သွားမှာဖြစ်လို့ သိပ်တော့ ဂရုမစိုက်ဘူးလို့ မသန္တာလှိုင်နဲ့ပါ တညီတညွတ်ထဲ ပရိသတ်တွေနဲ့ ပြိုင်ပွဲဝင်ဖြစ်လာမယ့်သူတွေ အားလုံးကို ကြိုတင်ကာ ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ကြပါတယ်။

၂၀၂၀ မှာတော့ ဒီအစီစဉ်နှစ်ခုစလုံးက ပရိသတ်တွေအတွက် ခံစားချက်အသစ်တွေ ပေးစွမ်းနိုင်မှာသေချာပါတယ်။ အခုအကြောင်းအရာနဲ့ ပက်သက်တဲ့ Let’s Talk အစီစဉ် အစအဆုံးကို ဒီနေရာမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

 



Follow us on