1. Home
  2. Myanmar News

ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲကြီးမှာ အဆင့် (၁) ရရှိခဲ့တဲ့ မြန်မာကျောင်းသားလေး မောင်ထက်ဝေလျှံ

Myanmar News ม.ค. 23, 2563 view 1,563

ကမ္ဘာအရပ်ရပ်က သင်္ချာဘာသာရပ်မှာ ထူးချွန်ပြောင်မြောက်သူ စွမ်းရည်မြင့်ကျောင်းသားလူငယ်များ လာရောက်ယှဉ်ပြိုင်ကြတဲ့ ကမ္ဘာ့သင်္ချာပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Southeast Asia Mathematical Olympaid ပြိုင်ပွဲကြီးကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့က ဩစတေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုပြိုင်ပွဲတွင် နိုင်ငံပေါင်း (၂၀) မှ လာရောက်ယှဉ်ပြိုင်ကြသူ ပြိုင်ပွဲဝင်ဦးရေ (၆၀၀) ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံက ပြိုင်ပွဲဝင် (၂၆) ယောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ထိုပြိုင်ပွဲတွင် Paper (A) ကနေ Paper (F) အထိလာရောက်ယှဉ်ပြိုင်ကြသူ ပြိုင်ပွဲဝင် (၆၀၀) ထဲမှ SEAMO X 2020 Paper D သင်္ချာစာမေးပွဲမှ မြန်မာကျောင်းသားလေး မောင်ထက်ဝေလျှံက အဆင့် (၁) ကိုဗိုလ်စွဲကာ ရွှေတံဆိပ်ဆုကိုရရှိခဲ့ပြီး ကမ္ဘာ့အလယ်မှာ မြန်မာအလံကို ထိပ်ဆုံးကနေ လွှင့်ထူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အဆင့် (၁) ကိုရရှိကာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုကိုဆွတ်ခူးပေးနိုင်ခဲ့တဲ့ မောင်ထက်ဝေလျှံအတွက် ဝမ်းသာဂုဏ်ယူမိသလို ကမ္ဘာ့အလယ်မှာ မြန်မာတွေဟာ မညံ့ကြောင်းပြသနိုင်ခဲ့တဲ့ မောင်ထက်ဝေလျှံလေးကိုလဲ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်ထက်မြက်လွန်းတဲ့ မောင်ထက်ဝေလျှံဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့ WMI ပြိုင်ပွဲမှာ “The Star of The World” ဆု၊ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခဲ့တဲ့ WMC ပြိုင်ပွဲမှာ “World Maths Champion” ဆုတွေကိုလဲ ရရှိထားတာဖြစ်ပါတယ်။

 

(ပိုပိုလေး)



Follow us on