1. Home
  2. Movie Stars - Celebrity

Hotel Transylvania (2)

Movie Stars - Celebrity ก.ย. 18, 2558 view 1,666

Hotel Transylvania 2

 

ဇာတ်လမ်းအကျဉ်း -

Jonathan ရောက်လာပြီးနောက်မှာတော့ Dracula ရဲ့ Hotel Transylvania မှာ ပြောင်းလဲမှုများရှိလာခဲ့တယ်။ ဟိုတယ်မှာ လူသားဧည့်သည်များကိုလည်းလက်ခံပြီး Jonathan နဲ့ Mavis မှာ သွေးစုပ်ဖုတ်ကောင် အရည်အချင်းတစ်ခုမှမရှိတဲ့ သား Dannis လေးမွေးဖွားလာခဲ့ပါတယ်။ သွေးစုပ်ဖုတ်ကောင်အရည်အချင်းမရှိတဲ့ မြေးလေးဟာ အဖိုး Dracula အတွက် စိုးရိမ်သောကရောက်နေပါတယ်။ ဒီလိုနဲ့ပဲ Jonathan နဲ့ Mavis တို့ Jonathanမိဘတွေဆီသွားလည်တုန်း အဖိုး Dracula တစ်ယောက် သူငယ်ချင်းတွေဖြစ်တဲ့ Frank,Murray, Wayne, Griffin နဲ့ Bloobby တို့ကိုခေါ်ကာ မြေးငယ် Dannis အတွက် “မကောင်းဆိုးဝါးအရည်အချင်း သင်တန်း” ပေးဖို့စီစဉ်ပါတော့တယ်။ မြေးငယ်နဲ့အလုပ်ရှုပ်နေတုန်း Dracula ရဲ့ဖခင် Vlad တစ်ယောက် မမျှော်လင့်ပဲ Hotel Transylvania ကိုရောက်ရှိလာခဲ့ပါတယ်။ အဘိုး Vald ကတော့ သူရဲ့မျိုးဆက်သစ်မြေးငယ် Dennis ဟာ သွေးစုပ်ဖုတ်ကောင်သွေးစစ်စစ်မဟုတ်တာ နဲ့ Hotel Transylvania မှာ လူသားဧည့်သည်တွေကို လက်ခံနေပြီဖြစ်ကြောင်း သိရှိသွားတဲ့အခါမှာတော့ ဒေါသပုန်ထပါတော့တယ်…။ အဖေနဲ့ မြေးကြားထဲမှာ Dracula တစ်ယောက် ဘယ်လိုဖြစ်အုံးမလဲ။ Dennisဆီမှာတကယ်ပဲ သွေးစုပ်ဖုတ်ကောင် အရည်အချင်းတွေ မရှိဘူးလား။ စသည်ဖြင့် အလွန်စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။

Hotel Transylvania 1 ကလည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့အတွက် Hotel Transylvania 2 ကလည်း ပိုမိုကောင်းမွန်တဲ့ မေတ္တာနဲ့ဟာသ ရောနှောထားတဲ့ ကာတွန်းကားလေးပဲဖြစ်လာမှာပါ။ Hotel Transylvania 2 ကိုတော့ Sepetmber 25 , 2015 မှာစတင်ဖြန့်ချိမှာမို့ စောင့်ကြည့်အားပေးသင့်တဲ့ ကာတွန်းကားကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။  

ပါဝင်သောသရုပ်ဆောင်များ -



Follow us on