1. Home
  2. Special or Others

TikTok မှာ တုတ်ထောက်တန်းကျော် အမြင့်ခုန်ပြစဉ် ပြန်အကျမှာ တုတ်စူးဝင်

Special or Others ก.พ. 20, 2563 view 2,059

အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ တုတ်ထောက်အမြင့်ခုန်တဲ့ စွမ်းရည်ကို TikTok မှာ ပြသစဉ် မတော်တဆမှုဖြစ်ကာ အမြင့်ခုန်တုတ်နဲ့ သူ့ရဲ့ ငယ်ပါကို ပြန်ထောက်မိပြီး ၁၈ ချက် ချုပ်ခဲ့ရပါတယ်။ မတော်တဆမှု TikTok ဗီဒိယိုတွေထဲက အဆိုးဆုံး ဗီဒီယိုလည်းဖြစ်ပါတယ်။

လူငယ်ဟာ အမေရိကန်နိုင်ငံ Brigham Young University မှ ကျောင်းသားဖြစ်ပြီး အားကစားကွင်းထဲမှာ တုတ်ထောက်တန်းကျော်အမြင့်ခုန်စဉ် ပြန်အကျမှာ တုတ်တန်းရှည်နဲ့ သူ့ရဲ့ငယ်ပါ ချိပ်မိခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ဖခင်နဲ့ နည်းပြဆရာတို့က ဆေးရုံကို အမြန်ဆုံးခေါ်သွားခဲ့ပါတယ်၊ ဆေးရုံမှာ ငယ်ပါကို ၁၈ ချက်တိတိ ပြန်ချုပ်ခဲ့ရပါတယ်။ လက်ရှိအချိန်အထိတော့ အခြားထိခိုက်ဆုံးရှုံးမှုတွေ မဖြစ်ခဲ့ကြောင်း သိရသည်။



Follow us on