1. Home
  2. Special or Others

အသက် ၄ နှစ်အရွယ် သမီလေး အထုတ်အပိုးနဲ့ အိမ်ကနေထွက်ပြေး

Special or Others มี.ค. 04, 2563 view 2,172

တစ်ချို့သောလူငယ်တွေ အိမ်မှာမိဘနဲ့အဆင်မပြေဖြစ်ပြီး အိမ်ပေါ်ကနေဆင်းသွားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ အသက် ဆယ့်လေးငါးနှစ်လောက် အရွယ်မှပဲ ဒီလိုမျိုး လုပ်ရဲကြတာပါ။ အခုသတင်းမှာတော့ အသက် ၄ နှစ်သာရှိသေးတဲ့ သမီးလေးက သူ့အဝတ်အစားတွေ၊ ဒိုက်ပါတွေကို ကျောပိုးအိတ်ထဲထည့်ပြီး တစ်ယောက်ထဲ အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။

China Press မီဒီယာမှာ ဖော်ပြထားတဲ့သတင်းအရ မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်က အသက် ၄ နှစ်အရွယ် ကလေးမလေးကို မူလတန်းကျောင်းလေးနာမှာ တစ်ယောက်တည်း ယောင်လည် ယောင်လည်နဲ့ တွေ့ရတဲ့အတွက် တာဝန်ရှိသူတွေက နီးစပ်ရာ ရဲစခန်းကို အမြန်ဆုံး သွားရောက် အပ်နှံခဲ့ကြပါတယ်။

ကလေးနဲ့အတူပါလာတဲ့ ကျောပိုးအိတ်ပန်းရောင်လေးထဲမှာ သူ့ရဲ့အဝတ်အစားတွေနဲ့ ဒိုက်ပါတွေကို ထည့်ထားတာတွေ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ ရဲတွေက မိဘတွေကို စုံစမ်းဆက်သွယ်လို့ ရခဲ့ပါတယ်။ မိဘတွေကလည်း သတင်းကြားကြားခြင်း ရဲစခန်းကို ရောက်လာကြပြီး ကလေးကို ပြန်ခေါ်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ကလေး အိမ်ကနေ ထွက်ပြေးလာခဲ့ရတဲ့အကြောင်းရင်းကိုတော့ ရှင်းလင်းစွာ မသိခဲ့ရပါဘူး။

မိဘတွေအနေနဲ့ ကလေးငယ်တွေကို လစ်လျူမရှုသင့်ပဲ သူတို့ရဲ့ ခံစားချက်တွေကို သိရှိနားလည်အောင် ကြိုးစားဖိုးလိုပါတယ်၊ ဒါမှသာ ကလေးငယ်တွေမှာ စိတ်ဒဏ်ရာမရပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းနိုင်မှာဖြစ်ပါတယ်။



Follow us on