1. Home
  2. Special or Others

ခေတ်ကိုသရော်ထားတဲ့ ‘မိုနာလီဆာ’ ပန်းချီကား လူကြိုက်များနေ

Special or Others มี.ค. 04, 2563 view 2,253

တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် (သို့) Covid-19 ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာမှု၊ ဆက်သွယ်ရေး အားလုံးတို့ကို ထိခိုက်သွားစေရုံမျှမက၊ ကမ္ဘာ့ထိပ်တန်း ပွဲအခမ်းအနားကြီးတွေကိုလည်း ရွှေ့ဆိုင်းလိုက်ရတာတွေ ရှိပါတယ်။

အခုလို အားလုံးကို ဂယက်ရိုက်သွားစေတဲ့ ကူးစက်ရောဂါရဲ့ အခြေအနေနဲ့ကို အနုပညာရှင်အချို့က သူတို့ရဲ့ စိတကူးစိတ်သန်းတွေနဲ့ ပေါင်းစပ်ပြီး ပုံဖော်ဖန်တီးထားတဲ့ အနုပညာလက်ရာအသစ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

အီတလီနိုင်ငံသား ပန်းချီဆရာ စယ်ဗာတိုရီ ဘီနင်တန်ဒီ (Salvatore Benintende) ဆိုသူက ကမ္ဘာကျော်ပန်းချီပညာရှင်ကြီး  လီယိုနာဒို ဒါဗင်ချီရဲ့ နာမည်ကျော်ပန်းချီကားချပ်ဖြစ်တဲ့ မိုနာလီဆာ ပန်ချီကားပုံတူကို သူ့ရဲ့စိတ်ကူးတွေ ပေါင်းစပ်ပြီး ပြန်လည်ရေးဆွဲခဲ့ပါတယ်။ သူရေးဆွဲခဲ့တဲ့ မိုနာလီဆာ ပုံတူရဲ့မျက်နှာမှာ ခေတ်နဲ့လျော်ညီအောင် နှာခေါင်းစည်း တပ်ထားပြီး၊ ညာဘက်လက်ကလည်း စမတ်ဖုန်းကို ကိုင်ထားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ Mobile World Virus ဆိုတဲ့ စာသားကို ရေးထိုးထားပါတယ်။ ဒီပန်းချီကားကို စပိန်နိုင်ငံ ဘာစီလိုနာမြို့ လမ်းဘေး တစ်နေရာမှာ ပြသထားတာကို တွေ့ရပါတယ်။

ခေတ်နှင့်တပြေးညီ သရုပ်ဖော်ထားတဲ့ အနုပညာပန်းချီကားချပ်လို့ ပြောနိုင်သလို၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွေ့ဆိုင်းလိုက်ရတဲ့ ကမ္ဘာ့မိုဘိုင်းညီလာခံ (World Mobile Congress) ပွဲကြီးကို ခပ်ထေ့ထေ့ သရော်ထားတဲ့ ပန်းချီကားတစ်ချပ်လည်း ဖြစ်ပါတယ်။



Follow us on