1. Home
  2. Myanmar News

ပန်းနုရောင် စူပါလပြည့်ဝန်းကြီးကို ဗုဒ္ဓဟူးနေ့ညမှာ မြန်မာပြည်မှ မြင်တွေ့ရမည်

Myanmar News เม.ย. 07, 2563 view 1,681

၂၀၂၀ ခုနှစ်အတွက် အကြီးမားဆုံး အပြည့်ဝိုင်းဆုံး ပန်းနုရောင်ခြယ် လပြည့်ဝန်းကြီးကို မြန်မာနိုင်ငံမှ ဧပြီလ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ ညတွင် မြင်တွေ့နိုင်ရဖွယ်ရာ ရှိသည်။ Super Pink Moon လို့ အမည်ပေးထားသည့် လပြည့်ဝန်းမှာ ၂၀၂၀ ခုနှစ်အတွက် တတိယမြောက် လပြည့်ဖြစ်ပြီး သာမန်လပြည့် လများထက် ၁၄% ပိုကြီးကာ ၃၀% ပို၍ ထွန်းလင်းတောက်ပမည်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ လပြည့်လကွယ် နေ့ရက်အချိန်အတိကျကို ဖော်ပြထားသည့် time and date ဝဘ်ဆိုက်အရ Super Pink Moon ကို မြန်မာနိုင်ငံမှ စတင်မြင်တွေ့ရမည့်အချိန်မှာ ဧပြီလ ၈ ရက် ဗုဒ္ဓဟူနေ့ နံနက် ၉ နာရီ ၅ မိနစ်ဟု ဖော်ပြထားသဖြင့် အဆိုပါနေ့ ညပိုင်းတွင်လည်း ပန်းနုရောင်လဝန်းကြီးကို ဆက်လက် မြင်တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။

Supermoon များကို ရာသီဥတုအပေါ် မူတည်၍ အမည်များပေးထားပြီး Super Pink moon မှာ နွေဦးရာသီ အဆုံးပိုင်းရောက်လာပြီကိုပြသသော လက္ခဏာဖြစ်ကြောင်း သိရသည်။ Forbes သတင်းဌါန၏ ဖော်ပြချက်အရ ပန်းနုရောင်လပြည့်ဝန်းကြီးက မိုးကုတ်စက်ဝိုင်းပေါ် တက်လာသည်နှင့်တစ်ပြိုင်နက် ရာနှုန်းပြည့် စူးရှထွန်းလင်းတောက်ပမည်ဖြစ်သဖြင့် မျက်စိဖြင့် စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နိုင်ဖို့ပင် မလွယ်ကူကြောင်းဖော်ပြထားပါတယ်။

၁၀၀% အထွန်းလင်း အတောက်ပဆုံးအခြေအနေကို အမေရိကန်နိုင်ငံမှ ဧပြီလ ၇ ရက် အင်္ဂါနေ့ည ၁၀ နာရီ ၃၅ မိနစ်တွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ အချိန်မှာ မြန်မာနိုင်ငံဘက်က ဧပြီလ ၈ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ် ဖြစ်နေသဖြင့် Super Pink moon ၏ အတောက်ပဆုံး အချိန်ကို လွတ်ကောင်းလွတ်သွားနိုင်မည်ဖြစ်သော်လည်း ညဘက်အချိန်တွင်တော့ အခြားလပြည့်နေ့များနဲ့ မတူတဲ့ Super Pink moon ကို မြင်တွေ့ရနိုင်ရန်လည်း မျှော်လင့်ထားသည်။



Follow us on