1. Home
  2. Special or Others

စင်ကာပူတွင် McDonald ဘာဂါတစ်လုံး အွန်လိုင်းဈေး ဒေါ်လာ ၇၀ ပေါက်နေ

Special or Others เม.ย. 20, 2563 view 1,947

Covid-19 ပြဿနာကြောင့် စင်ကာပူရှိ အမြန်စားအစားအစာ(Fast food) ရောင်းချသည့် McDonald ဆိုင်များအားလုံကို မေလ ၄ ရက်နေ့ထိ ပိတ်မည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်နေ့က ကြေညာခဲ့ပြီးနောက် McDonald ဘာဂါတစ်လုံးကို စင်ကာပူဒေါ်လာ ၇၀ (ကျပ် ၆၈,၉၃၅) နဲ့ အွန်လိုင်းပေါ်ကနေ ရောင်းချနေကြောင်း သိရသည်။

McDonald က နိုင်ငံတစ်ဝှမ်းလုံးရှိ ဆိုင်ခွဲများအားလုံးကို ဧပြီလ ၁၉ ရက် နေ့လည် ၁၁ နာရီအချိန်ကနေ မေလ ၄ ရက်နေ့ထိ ပိတ်ထားရုံသာမက အိမ်ကနေမှာစားသည့် Delivery ဝန်ဆောင်မှုများကိုလည်း ရပ်နားထားမည်ဟု ကြေညာချက် ထုတ်ပြန်ပြီး သိပ်မကြာမီတွင် ယခုကဲ့သို့ အွန်လိုင်းပေါ်ကနေ ဈေးတင်ရောင်းမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ် သိပ်မကြာမီအချိန်မှာပင် ပစ္စည်းအဟောင်းများ ပြန်လည်ရောင်းဝယ်ဖောက်ကားနိုင်ရန် ရည်ရွယ်ထားသော Carousell အပလီကေးရှင်းပေါ်မှ McDonald Fillet-O-Fish ဘာဂါတစ်လုံးကို ဒေါ်လာ ၇၀,၀၀၀ နှင့် McGriddles ဘာဂါတစ်လုံးကို ဒေါ်လာ ၆၉,၀၀၀ ဈေးတင်ရောင်းနေကြောင်း ထူးဆန်းစွာ တွေ့ခဲ့ရသည်။

ဆိုင်တွင် ဒေါ်လာ ၁၀ ခန့်သာ ပေးရေသော ဘာဂါကို ယခုလို ဈေးတင်ရောင်းနေခြင်းမှာ တမင်သက်သက် အပျော်သဘောနဲ့ သရော်သည့် သဘောဖြစ်ဟန်တူပြီး နောက်တစ်ဦးကမူ McGriddles ဘာဂါကို ဒေါ်လာ ၅၀ နဲ့ရောင်းချနေကာ နံနက် ၁၀ နာရီခွဲကျော်သည်နှင့် ပိုင်ရှင်ကိုယ်တိုင် စားလိုက်မှာဖြစ်သဖြင့် အချိန်မီလာဝယ်ကြပါရန် ရေးသားထားခဲ့တာကို တွေ့ရပါတယ်။ လက်ရှိသတင်းရေးနေတဲ့ အချိန်မှာတော့ ဒီအရောင်းအဝယ်ပို့စ်တွေကို ပြန်လည်ဖျက်သွားခဲ့ပြီဖြစ်ပါတယ်။



Follow us on