1. Home
  2. Movie Stars - Celebrity

တက္ကသိုလ်တက်တုန်းက Queen ဖြစ်ခဲ့ဖူးကြောင်း ထုတ်ပြောလာတဲ့ ညီညီမောင်စမ်းချောင်း

Movie Stars - Celebrity เม.ย. 22, 2563 view 1,960

အနုပညာလောကမှာသာမက ပရိသတ်တွေကြားမှာပါ နာမည်ကြီးမိတ်ကပ်အလှပညာရှင်၊ LGBT သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်ရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ညီညီမောင်စမ်းချောင်းကတော့ ငယ်စဉ်က အမှတ်တရတစ်ခုကို ထုတ်ပြောပြခဲ့ပါတယ်။

ငယ်စဉ်ဘ၀ တက္ကသိုလ်တက်ခဲ့တုန်းက အမှတ်တရပုံရိပ်လေးတစ်ခုနဲ့အတူ တက္ကသိုလ်ကျောင်းမှာ Queen ဖြစ်ခဲ့ဖူးကြောင်းကို အမှတ်ရစွာပြန်လည်ပြောပြခဲ့ပါတယ်။

သုသုက သူ့မရဲ့လူမှုကွန်ယက်မှာ “တချိန်တုံးကတက္ကသိုလ် Gay Queen ပေါ့ ဟိဟိ.. ကျောင်းမှာပြိုင်စရာအခြောက်မရှိလို့ တယောက်ထဲရှိလို့ရသွားတာ ခ်ခ်.. တက္ကသိုလ် အဝေးသင်တက်ထဲက မိန်းမလိုဝတ် စလင်းဘတ်လွယ်ခဲ့တာပါနော်.. ဘေးကမိန်းမသူငယ်ချင်းမတွေကတော့ မိန်းမခြောက်တွေ သု ကိုစရင် ဝိုင်းရန်တွေပေးအမြဲ ကူညီတဲ့ အချစ်ဆုံးသူငယ်ချင်းမတွေ.. အဲလိုကိုယ်လုံးလေးပြန်ရချင်လိုက်တာနော်” ဆိုပြီး အမှတ်တရတွေကို ထုတ်ပြောပြလာပါတယ်။

ပရိသတ်ကြီးထဲမှာလည်း သုသုလိုပဲ ငယ်စဉ်ဘ၀ မမေ့နိုင်စရာအမှတ်တရ ကိုယ်စီရှိမယ်လို့ မျှော်လင့်မိပါတယ်…. ရှိခဲ့ရင်လဲ အမှတ်တရလေးတွေကို ပြန်လည်ဝေမျှသွားခဲ့ဦးနော်..

(ပိုပိုလေး)

 



Follow us on