1. Home
  2. Myanmar News

ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ KTV ၌ အလှူငွေ ကောက်ခံသူလေးဦးကို ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်း၍ ဖမ်းဆီး

Myanmar News มิ.ย. 25, 2563 view 1,690
ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ KTV ၌ အလှူငွေ ကောက်ခံသူလေးဦးကို ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်း၍ ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန အမည်ခံ၍ လိမ်လည်အလှူခံမှုရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ ရန်ကင်းမြို့နယ်အတွင်းရှိ Perfect KTV တွင် အမျိုးသားလေးဦးက “ပြည်ထဲရေးဝန်ကြီးဌာန ပရဟိတအဖွဲ့မှဖြစ်ကြောင်း၊ ကလေးသူငယ်များအား စာရေးကိရိယာ၊ အာဟာရဒါနနှင့် သံဃာတော်များအတွက် အလှူခံသည်”ဟု ပြောဆို၍ ငွေကျပ် ၅၀၀၀၀ အား လိမ်လည်အလှူခံသွားကြောင်း သတင်းရရှိခဲ့ပြီး လိမ်လည်အလှူခံသွားသူလေးဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်စုံစမ်းရှာ ဖွေမှုများပြုလုပ်ခဲ့ပါတယ်။ ထိုနောက် ဆက်လက်စုံစမ်းရာ၌ ဇွန် ၂၃ ရက် ည ၈ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းမ ပေါ်၌ လိမ်လည်အလှူခံသူများဖြစ်သည့် မြို့ဟောင်းအရှေ့ ရပ်ကွက်သန်လျင်မြို့နယ်နေ ဝေဖြိုးအောင် (၂၅နှစ်)၊ (၁၆၈)ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အောင်မျိုးဦး(၂၃နှစ်)၊ ဘုရားကုန်းကျေးရွာ သန်လျင်မြို့နယ် နေ မျိုးကိုကို (၂၈နှစ်)နှင့် (၁၂)ရပ်ကွက် သာကေတမြို့နယ်နေ ထွန်းဝင်းဇော်(ခ)ကိုထွန်း (၂၅နှစ်) တို့ကို ပရို ဘောက်ယာဉ်တစ်စီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင်စိစစ်ရေးကတ်တစ်ခု၊ အလှူခံစာရွက်စာတမ်းအတုများနှင့် ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်၌ ကျူးလွန်သူများကို ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ Credit : People Media #popolay #popolaytv #news


Follow us on