
စက်တင်ဘာ ၂၄ ရက် (ယနေ့) နံနက်ပိုင်းတွင် ဇေကမ္ဘာဝင်းအတွင်းရှိ ကိုကာကိုလာ ဂိုဒေါင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်မှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်သွားခဲ့ခြင်းဖြစ်ပြီး ယခုမီးလောင်ကျွမ်းမှုကို Level 3 အဆင့် သတ်မှတ်ထားကာ ဆက်လက်ငြိမ်းသက်နေကြောင်း သိရသည်။ ကိုကာကိုလာ စက်ရုံ ဂိုဒေါင် ဆက်လက်မီးလောင်ကျွမ်းဆဲဖြစ်ပြီး မီးသတ်ကား ၅၀ ခန့်ဖြင့် ငြိမ်းသက်နေရ စက်တင်ဘာ ၂၄ ရက် (ယနေ့) နံနက်ပိုင်းတွင် ဇေကမ္ဘာဝင်းအတွင်းရှိ ကိုကာကိုလာ စက်ရုံ ဂိုဒေါင် မီးလောင်ကျွမ်းခဲ့ရာ လက်ရှိအချိန်ထိ လောင်နေဆဲဖြစ်ပြီး မီးသတ်ကား ၅၀ ခန့်ဖြင့် ငြိမ်းသက်နေရကြောင်း သိရသည်။ လေတိုက်နှုန်းမြင့်မားနေမှုကြောင့် မီးညွှန့်များမှာ အားကောင်းနေပြီး မီးသတ်တပ်ဖွဲ့များအနေဖြင့် အထဲဝင်ရောက်ငြိမ်းသက်ရန် အခက်အခဲများ ရှိနေကာ Water Tower များကိုပါ အသုံးပြု ငြိမ်းသက်နေကြောင်း သိရသည်။ Eleven Media Group
comment