1. Home
  2. Myanmar News

ကျိုက်ထိုမြို့နယ်တွင် အပန်းဖြေလည်ပတ်နိုင်မည့်နေရာများအား ယာယီပိတ်သိမ်း

Myanmar News ก.ค. 08, 2563 view 1,599

ကျိုက်ထိုမြို့နယ်အတွင်း ပြည်သူများ အပန်းဖြေသည့်နေရာများဖြစ်သော ကင်မွန်းချောင်းကျေးရွာ အလယ်စုပိုင်းရှိ ကဒက်ချောင်း(၁၀)မိနစ် စခန်းအနီးရှိ ကျောက်ဂူ(ကျားဂူ)ချောင်းနှင့် ကဒိုင်ဒွတ်ကျေးရွာ အုပ်စု ဆောင်နိုင်ကြီးကျေးရွာရှိ ဆောင်နိုင်ကြီး ရေတံခွန် တို့အား ဇူလိုင် (၇) ရက် နံနက် (၇) နာရီမှ စတင်ကာယာယီ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ယင်းသို့ပိတ်သိမ်းရခြင်းမှာCovid-19 ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက် ကျိုက်ထိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး ဆုံး ဖြတ်ချက်အရ ယာယီပိတ်သိမ်းခြင်းဖြစ်ပါသည်။ အဆိုပါအပန်းဖြေ နေရာများ၌ နေ့စဉ် ပျမ်းမျှ လူဦးရေ(၁၀၀)ဉီးခန့် လာရောက်အပန်းဖြေ ရေကစားကြသည့်အပြင် အစိုးရရုံးပိတ်ရက်နှင့် အခါကြီး ရက်ကြီး များတွင် (၃၀၀)ဉီးခန့် လာရောက် အပန်းဖြေ ရေကစားကြသည်။ အပန်းဖြေရေကစားလာကြသူ (၆၀)ရာခိုင်နှုန်းမှာ နှာခေါင်းစည်း Mask တပ်ဆင်မှုမရှိခြင်း၊ လက်ဆေးမှုမရှိခြင်းနှင့် နီးကပ်စွာရေချိုး၊ ရေကစား ကြခြင်းတို့ကြောင့် ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သဖြင့် ယာယီ ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း သိရသည်။



Follow us on