1. Home
  2. Good Morning Myanmar

Myanmar Security Expo(2015)ပြပွဲအခမ်းအနား

Good Morning Myanmar ต.ค. 01, 2558 view 1,512

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်လာရောက်ကျင်းပပြုလုပ်တဲ့ Myanmar Security Expo ပြပွဲအခမ်းအနားကိုမင်းဓမ္မလမ်းရှိ MCC ခန်းမမှာစက်တင်ဘာလ(၃၀)မှ အောက်တိုဘာလ(၂)ရက်နေ့အထိကျင်းပနေပါတယ်။စင်္ကာပူနိုင်ငံ MP ကုမ္ပဏီကဦးစီး ကျင်းပတဲ့ Myanmar Security Expoပြပွဲမှာနိုင်ငံပေါင်း(၁၇)နိုင်ငံမှ နိုင်ငံတကာအမှတ် တံဆိပ်(၇၅)ခုကလုံခြုံရေးပိုင်းဆိုင်ရာစက်ပစ္စည်းများကိုလာရောက်ပြသခဲ့ပြီးပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်းပံ့ပိုးကူညီပေးထားတယ်လို့သိရပါတယ်။ဒီ Security Expo ပြပွဲမှာလုံခြုံရေးကင်မရာ၊ Recorder အစရှိတဲ့လုံခြုံရေးပိုင်းနဲ့ပတ်သက်တဲ့စက်ပစ္စည်း များကိုပြသထားတာဖြစ်ပါတယ်။လုံခြုံရေးဆိုင်ရာစက်ပစ္စည်းတပ်ဆင်မှုတွေကိုကမ္ဘာ တစ်ဝန်းမှာကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသလိုမြန်မာနိုင်ငံမှာလည်းယခင်ထက်ပိုမိုကျယ်ပြန့်လာတာကြောင့်ယခုလိုပြပွဲလာရောက်ပြသခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။



Follow us on