1. Home
  2. Myanmar News

မန္တလေးမြို့ ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်မှု ပိတ်ဆို့ထားသည့် နောက်ဆုံးအခြေအနေ

Myanmar News ก.ค. 21, 2563 view 1,631

မန္တလေး ၊ ဇူလိုင်-၂၁

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါးအနီး တာရိုးကျိုးပေါက်မှုအား ပြန်လည်ပိတ်ဆို့ ပြုပြင်ထားသည်ကို ယနေ့ ဇူလိုင်(၂၁)ရက် နံနက်ပိုင်းက တွေ့ရစဉ်။ အဆိုပါ တာရိုးကျိုးပေါက်မှုအား ပိတ်ဆို့ခဲ့ပြီးနောက် လမ်းသားပြုပြင်ခြင်း လုပ်ငန်းများ ဆက်လက် လုပ်ဆောင်မည်ဟု မန္တလေးမြို့တော် စည်ပင် တာဝန်ရှိသူများက ဆိုသည်။

မန္တလေးမြို့ ရွှေဂဲရေထိန်းတံခါး အနီးတွင် ဇူလိုင်(၁၉)ရက် ည(၈)နာရီခွဲဝန်းကျင်မှ စတင်ကာ တာရိုး စိမ့်ပေါက်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်(၂၀)ရက် နံနက်ပိုင်းတွင်မူ တာရိုး ကျိုးပေါက်ခဲ့ကာ ညပိုင်းတွင် ပြန်လည်ပိတ်ဆို့ နိုင်ခဲ့သည်။ တာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် အမရပူရမြို့ ကျန်တန်း၊ မှန်တန်း၊ ယဉ်တော်နှင့် ဈေးချိုစသည့် ရပ်ကွက်များမှ မြို့အနောက်ခြမ်း အနိမ့်ပိုင်းရှိ နေအိမ်အများအပြား ရေဝင်နစ်မြုပ်ခဲ့ပြီး လူဦးရေ (၆၀၀၀)ကျော်ကို ရေဘေးလွတ်ရာ ပြောင်းရွှေ့ထားရသည်။

အမရပူရမြို့ ရပ်ကွက်များ၌ ရေပြန်ကျရန် အနည်းဆုံး တစ်လခန့် ကြာမြင့်နိုင်ကြောင်းနှင့် ရေဘေးကြောင့် စားဝတ်နေရေးနှင့် လူအများအပြားနှင့် စုပြုံနေထိုင်ရသဖြင့် COVID-19 ရောဂါ အန္တရာယ် စိုးရိမ်သည်ဟု ရေဘေးသင့်သူများက ဆိုသည်။ တာရိုးကျိုးပေါက်မှု ပြန်လည်ပိတ်ဆို့ ပြုပြင်နေသည်ကို ယနေ့ ဇူလိုင်(၂၁)ရက် နံနက်ပိုင်းက တွေ့ရစဉ်

Photo – Mandalay Fire District, U Myo Aung FB, Htet Naing FB

Credit

#popolay #popolaytv #news #မန္တလေး #ရွှေဂဲရေထိန်းတံခါး



Follow us on