1. Home
  2. Myanmar News

လုပ်ငန်းခွင်အတွင်း Productivity တက်စေမယ့် Mobile App ၄ မျိုး

Myanmar News ส.ค. 06, 2563 view 1,487

၁။ TickTick

Todo List ၊ Check List နဲ့ Task Manager Application တစ်ခုဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ တာဝန်တွေသာမက အခြားကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကိုပါ Deadline မကျော်စေအောင် Reminder သတ်မှတ်ထားနိုင်ပါတယ်။ Calendar View မှာ Task တွေ အားလုံးကို Overview ကြည့်လို့ရနိုင်ပါတယ်။ Todo List တွေကို အခြားသူတွေဆီ Share တာ၊ လုပ်ငန်းတာဝန်တွေကို လုပ်ဖော်ကိုင်ဖက်တွေကို Assign ချတာတွေ ပြုလုပ်နိုင်ပါတယ်။ အသံနဲ့ခိုင်းစေပြီး Task တွေ ဖန်တီးတာ၊ တူရာ Todo List တွေကို Folder နဲ့ Group ဖွဲ့ထားနိုင်တာအပါအဝင် အခြား Feature များစွာ ပါဝင်ပါတယ်။

၂။ 1Password

1Password က Cross-Platform Tool တစ်ခုဖြစ်ပြီး သင့်ရဲ့ Password တွေအားလုံးကို တစ်နေရာတည်းမှာ လုံခြုံစိတ်ချစွာ စီမံခန့်ခွဲပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Password တွေ အားလုံးကို လုံခြုံစိတ်ချရပြီး Encrypt လုပ်ထားတဲ့ Master Password တစ်ခုနဲ့ Group ဖွဲ့ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Password အသုံးပြုပြီး ဝင်ရတဲ့ Website တွေအားလုံးကို Click တစ်ချက်နှိပ်ရုံနဲ့ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

၃။ Buffer Buffer

Buffer Buffe က အသုံးဝင်တဲ့ အခမဲ့ Social Media Management ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ကိုယ်က Social Media Account တွေအများကြီးကို ကိုင်တွယ်အလုပ်လုပ်ရမယ့်သူဖြစ်ပြီး Post တွေတင်ဖို့ Schedule လုပ်ချင်တာနဲ့ Analytics Data အသေးစိတ်ကို သိချင်တဲ့သူဆိုရင် အကျိုးရှိစေမယ့် App တစ်ခု ဖြစ်ပါတယ်။ ဒီ App က Facebook ၊ Google+ ၊ Instagram ၊ LinkedIn နဲ့ အခြားနာမည်ကြီး Social Media Network တွေ ထောက်ပံပေးထားပါတယ်။ Free User တွေအနေနဲ့ Account သုံးခု စီမံခန့်ခွဲနိုင်မှာဖြစ်ပြီး Account တစ်ခုကို Post ဆယ်ခုအထိ တန်းစီပြီး Schedule လုပ်ထားနိုင်ပါတယ်။ Premium Plan ကို အသုံးပြုမယ်ဆိုရင်တော့ Account တွေ ပိုပြီးများများ Handle လုပ်နိုင်မှာဖြစ်ပြီး Post တွေလည်း ပိုပြီးများများ Schedule လုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး Analytics ၊ Link Shortening နဲ့ Content Creation Tool တွေလို Advanced Feature တွေလည်း အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။

၄။ Noisli

ကိုယ့်ရဲ့အလုပ်နေရာက တအားဆူညံလွန်းတာပဲဖြစ်ဖြစ်၊ တအားတိတ်ဆိတ်နေလွန်းတာပဲဖြစ်ဖြစ် Noisli ကို အသုံးပြုပြီး သစ်ရွက်လှုပ်သံ၊ မိုးရေကျသံ၊ ကျေးငှက်သံတို့လို သဘာဝအသံလေးတွေအပြင် အခြားသာယာနာပျော်ဖွယ် အသံလေးတွေကို အလုပ်လုပ်ရင်း Background Sound အဖြစ်နဲ့ ဖွင့်ထားနိုင်ပါတယ်။ အလုပ်ထဲမှာ အာရုံစိုက်နိုင်စေဖို့သာမက စိုးရိမ်ပူပန်မှုတွေ လျော့ချပေးတာ၊ ယောဂလုပ်ရင်း နောက်ခံအသံအနေနဲ့ ဖွင့်ထားတာ၊ စာဖတ်နေချိန်နဲ့ အိပ်ရာမဝင်ခင်အချိန်တွေမှာလည်း Noisli App ကို အသုံးပြုပြီး Background Sound လေးတွေ ဖွင့်ထားနိုင်မှာ ဖြစ်ပါတယ်။ အလုပ်တွေပြီးမြောက်အောင် အာရုံစိုက်လုပ်ကိုင်နိုင်စေဖို့ Noisli က စိတ်အပန်းပြေပြီး ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးမှာဖြစ်ပါတယ်။

Source: https://www.facebook.com/CEOMyanmar



Follow us on