1. Home
  2. Myanmar News

မိုးကုတ် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းအတွင်း တွင်းလုပ်သား(၂)ဦးသေဆုံး

Myanmar News ส.ค. 13, 2563 view 1,852

ဩဂုတ်လ ၁၂ ရက်နေ့၊ (၁၅ ၂၀) အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ကျောက်ပြဿဒ်ကျေးရွာရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်အဟောင်းအတွင်း မြေအောက်အနက်ပေ (၂၅၀)ခန့်တွင် (လူးကြော)နွံရေများနှင့် ကျောက်တုံးများကြား တွင်းလုပ်သား(၂)ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတွင်းလုပ်သားများ ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ (၁၇ ၄၀)အချိန်တွင် ကျား(၁)ဦး(သေဆုံး)နှင့် (၁၈ ၀၀) အချိန်တွင် ကျား(၁)ဦး(သေဆုံး)အား မြေပြင်ပေါ်သို့ သယ်ထုတ်နိုင်ခဲ့ပြီး ပါရမီလူမှုကူညီရေအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျပ်ပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သတင်းရရှိပါသည်။

Source : MFSD

#popolay #popolaytv #news #မိုးကုတ်



Follow us on